ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ခိုလှုံနေသည့် NUG ၏ အမြဲတမ်းအတွင်းဝန်တစ်ဦး နှင့် CDM ဆရာဝန် ၂ ဦးအား မြန်မာ- ထိုင်း ပူးပေါင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး


ဇန်နဝါရီ ၂၀ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ခိုလှုံနေသည့်အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၏ အမြဲတမ်းအတွင်းဝန်တစ်ဦးနှင့် CDM ဆရာဝန် ၂ ဦးအား စစ်ကောင်စီလက် အောက်ခံရဲတပ်ဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း NUG နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

၎င်းတို့ ၃ ဦးအား ၎င်းတို့ ခိုလှုံနေထိုင်ရာ မဲဆောက်လေယာဥ်ကွင်းအနီးရှိ မြန်မာရပ်ကွက်များအတွင်း မြန်မာရဲတပ်ဖွဲ့ နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။


ထိုင်းရဲဘက်ကတော့ ယခုကိစ္စကို အတည်ပြု ထုတ်ပြန်ထားခြင်းမရှိသေးသလို ထိုင်းသတင်းဌာနများတွင်လည်း ဖော်ပြထားခြင်းမရှိပေမယ့် ထိုင်းနိုင်ငံရောက် မြန်မာ CDM ဆရာဝန်အသိုင်းအဝိုင်းများတွင်တော့ အဆိုပါသတင်းများမှာ ပျံ့နှံ့လျှက်ရှိသည်။ 

မည်သူများကို အဖမ်းခံလိုက်ရသည်ကို တိတိကျကျ မသိရှိရသေးပေမယ့် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး CDM ဆရာဝန်နှင့် နိုင်ငံရေးသမားများ အသိုင်းအဝိုင်းက ဆက်လက်အတည်ပြုရန် ကြိုးစားနေသည်။


Ayeyarwaddy Times 

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ခိုလှုံနေသည့် NUG ၏ အမြဲတမ်းအတွင်းဝန်တစ်ဦး နှင့် CDM ဆရာဝန် ၂ ဦးအား မြန်မာ- ထိုင်း ပူးပေါင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ခိုလှုံနေသည့် NUG ၏ အမြဲတမ်းအတွင်းဝန်တစ်ဦး နှင့် CDM ဆရာဝန် ၂ ဦးအား မြန်မာ- ထိုင်း ပူးပေါင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး Reviewed by THITHTOOLWIN on 18:50 Rating: 5

No comments:

Powered by Blogger.