NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက်


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ် ပြည်သူ့ညီလာခံကိုထောက်ခံသည့်အနေဖြင့် သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦး က သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၇) ည ၈ နာရီ ၁၂ မိနစ်တွင် အာဏာရှင်တော်လှန်ရေးတပ်ဦးအဖွဲ့ဝင်များနှင့် The Boys LPDF တပ်ဖွဲ့ဝင်များသည် ဧရာဝဏ်လမ်းမကြီးပေါ်ရှိ အမှတ် (၂) ရဲစခန်းကို ၄၀(မမ) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် အထိအခိုက်စာရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သတင်းရပါက ထုတ်ပြန်ပေးမည်ဟုလည်း အသိပေးထားသည်။

ထို့ပြင် ယနေ့ညပိုင်း၌ သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးကိုလည်း မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါရုံးသည် အကြမ်းဖက်စစ်ကောင်စီအတွက် ကျည်ဆံဖိုးများရရှိရန် ပြည်သူများကို မတရားဖိနှိပ်ခြိမ်းခြောက်၍ ကောက်ခံသလို မီးဖြတ်နေသောကြောင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

"တော်တော်ဆိုးဆိုးကိုလုပ်နေတာပါ။ NUG ကနေ အဲဒီရုံးမန်နေဂျာကို Black list စာရင်းသွင်းထားတာပါ"ဟု ဒေသခံတစ်ဦးကသန်လျင်လျှပ်စစ်ရုံးနှင့်ပတ်သက်၍ ပြောသည်။


People's Spring 

NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက် NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက် Reviewed by THITHTOOLWIN on 00:02 Rating: 5

No comments:

Powered by Blogger.