ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်

သျှမ်းသံတော်ဆင့်၊ ဇန်နဝါရီ ၅

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီး ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၄) ည ၁၁ နာရီဝန်းကျင်က ဖယ်ခုံ ကြံ့ခိုင်ရေးရုံး အပါအဝင် (၃)နေရာမှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေရီနျို့ ၏ နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

“ကြံ့ခိုင်ရေးရုံးက ဗုံးအရင်ပေါက်တာ။ ပြီးမှ NLD လွှတ်တော်အမတ် နေအိမ်ကို စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ လှစ်ပစ်လိုက်တာ။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေတော့ အကုန်ပျက်စီးသွားတယ်။ လူတော့ထိခိုက်ဒဏ်ရာရတာ မရှိဘူး” ဟု ဖယ်ခုံမြို့ ဒေသခံ အသက် ၃၀ ကျော်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ 

“သူတို့ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးတော့ သူတို့က NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်တာ။ ဖယ်ခုံ အခြေစိုက် စစ်တပ်ကနေဘဲပစ်တာ။ မနေ့ညက ဗုံးခနခန ပေါက်သံကြားရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။ 

ဖယ်ခုံမြို့တွင် ယမန်နေ့ညက ကြံ့ခိုင်ရေးရုံးအပါအဝင် စုစုပေါင်း (၃)နေရာ ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

SHAN News (Burmese Version) 

ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ် ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD ပြည်နယ်လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ် Reviewed by THITHTOOLWIN on 17:58 Rating: 5

No comments:

Powered by Blogger.