နေပြည်တော်တွင် NLDသီချင်းအော်ဟစ်သီဆိုသူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၂နာရီအတွင်းပစ်သတ်

ဓာတ်ပုံ - လူမှုကွန်ရက်

ဇန်နဝါရီ ၁၇ ရက်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ဝဏ္ဏဒီပရပ်ကွက်နေထိုင်သူတဦးကို NLD သီချင်းများအော်ဟစ်သီဆိုသည်ဟုဆိုကာ ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်)နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီး၍ ရဲစခန်းတွင် ပစ်သတ်လိုက်ကြောင်းဒေသခံများထံကသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၃၆နှစ်ရှိသူ ကိုအောင်စိုးဝင်းဆိုသူဖြစ်ပြီး စစ်ကောင်စီခန့်ဝဏ္ဏဒီပရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ကိုတိုင်ကြားမှုကြောင့် ယမန် နေ့နေ့လည် ၁၂ နာရီချိန်တွင် ၄င်း၏ နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"သူက တက်ကြွလှုပ်ရှားသူလည်းမဟုတ်ဘူး။ ဘာမ ဟုတ်။ NLDသီချင်းတွေကိုအော်ဆိုတာတွေလုပ်လို့ ဆိုပြီး အုပ်ချုပ်ရေးမှူးက သွားတိုင်ပြီးဖမ်းခိုင်းတာ။ နေ့လည် ၁၂ နာရီလောက်မှာဖမ်းသွားတာ။'' ဟု ၄င်းနှင့်နီးစပ်သူ ပုဗ္ဗသီရိမြို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

၄င်းအားဖမ်းဆီးသွားပြီးနောက် ပုဗ္ဗသီရိရဲစခန်းတွင် စစ်ဆေးနေစဥ် ပြန်ခံပြောသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်လိုက်ကြောင်း သိရသည်။

'' သူ့ကိုဖမ်းလာပြီး စစ်သားတွေကရစ်ပြီး စစ်နေတာ။ သူကလည်းမူးနေတော့ သူတို့ကိုပြန်ခုခံပြော တယ်ဆိုပြီးဗိုက်နားကိုပစ်လိုက်တာ။ ဖမ်းလာပြီးသိပ်မကြာဘူး နေ့လည် ၁နာရီခွဲလောက်မှာ ပစ်သတ်ခံလိုက်ရတာ''။ဟုအဆိုပါရဲစခန်းနှင့်နီးစပ်သူ ဒေသ ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကိုအောင်စိုးဝင်းကို စစ်ကောင်စီတပ်က ပစ်သတ်ပြီးနောက် ၄င်း၏ရုပ်အလောင်းအားပြန်မပေးဘဲ မီးရှို့လိုက်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းကလည်း နေပြည်တော်၊လယ်ဝေးမြို့က CDM ကျောင်းဆရာ ကိုလှမင်းမောင်ကို စစ်ကောင်စီတပ်ကဖမ်းဆီးသွား စစ်ကြောရေးတွင် ၂၄နာရီအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။


Ayeyarwaddy Times 

နေပြည်တော်တွင် NLDသီချင်းအော်ဟစ်သီဆိုသူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၂နာရီအတွင်းပစ်သတ် နေပြည်တော်တွင် NLDသီချင်းအော်ဟစ်သီဆိုသူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၂နာရီအတွင်းပစ်သတ် Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.