ကော့ကရိတ်မြို့နယ် NLD ပါတီ (EC) အဖွဲ့ဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး

Photo- နော်စေးဖော FB

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ၏ EC အဖွဲ့ဝင်နှင့် အမျိုးသမီး ရေ ရာကော်မတီ ဥက္ကဋ္ဌ ဖြစ်သော နော်စေးဖောအား စစ်ကောင်စီက ဖမ်းပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေးထား ကြောင်း သိရသည်။

နော်စေးဖောအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် ညဉ့်သန်းခေါင် ချိန်တွင် ၎င်းတိမ်းရှောင်နေသည့် ကော့ကရိတ်မြို့တောင်ပိုင်း အံဖကြီးရွာတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်သည်ဟု သူမနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင်ထားကာ ၎င်း၏ မိသားစုဝင်များနှင့် တွေ့ခွင့်မပေး ကြောင်း ၎င်းက ဆက်ပြောသည်။

နောစေးဖောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်အာဏာသိမ်းမှုလူထုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် စစ်ကောင်စီအဖွဲ့မှ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်းခံရသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဖြစ်သော ကော့နွဲရွာနှင့် အနီးဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၆)  ပူးပေါင်း အဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်မှုများ ပြုလုပ်လာသဖြင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။

လက်ရှိအခြအနေမှာ ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး သည့်သဖွယ် အင်အားတိုးချဲ့လာမှုများကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။


Karen Information Center -KIC 

ကော့ကရိတ်မြို့နယ် NLD ပါတီ (EC) အဖွဲ့ဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး ကော့ကရိတ်မြို့နယ် NLD ပါတီ (EC) အဖွဲ့ဝင် နော်စေးဖောအား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိသားစုနှင့်တွေ့ခွင့်မပေး Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.