မုံရွာ MPDF ခေါင်းဆောင် ဗိုလ်သံမဏိ၏ အလုပ်ရုံကို စစ်ကောင်စီက ချိတ်ပိတ်

ဓာတ်ပုံ၊ ပေးပို့ 

ဇန်နဝါရီ - ၁၅ 

စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် MPDF ခေါင်းဆောင် ဗိုလ်သံမဏိ၏ အလုပ်ရုံကို စစ်ကောင်စီက ယနေ့ချိတ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ 

" ဒီနေ့ မုံရွာက ကျွန်တော့်အလုပ်ရုံ ချိတ်ပိတ်ခံလိုက်ရတယ်။ အဲ့အတွက်လည်း ဘာမှ မခံစားရပါဘူး။ ဒီပွဲက ငါတို့နိုင်ပွဲ အောင်ပွဲပဲ။ အောင်နိုင်ရေးနဲ့အတူ ငါ့အလုပ်ရုံကို ငါကိုယ်တိုင် ပြန်လာဖွင့်မယ် " ဟု ဗိုလ်သံမဏိက လူမှုကွန်ရက်မှတစ်ဆင့် သတင်းစကား ပါးထားသည်။ 

ဗိုလ်သံမဏိသည် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို မုံရွာမြို့ပေါ်တွင်  သပိတ်စစ်ကြောင်းများ စတင်ကတည်းက လိုက်ပါခဲ့သူတစ်ဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဗိုလ်သံမဏိသည် လက်ရှိတွင် MPDF တပ်ရင်း (၁) သံမဏိ တပ်ခွဲ၊ တပ်ရင်း (၃)တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ 

အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သည့် ပါတီဝင်များ၊ ပြည်သူများ၏ နေအိမ်များနှင့် အခြား ပိုင်ဆိုင်မှုများကို ပိတ်သိမ်းသည့်လုပ်ရပ်များကို စစ်ကောင်စီက လုပ်ဆောင်လျှက် ရှိနေသည်။


Mandalay Free Press - MFP

မုံရွာ MPDF ခေါင်းဆောင် ဗိုလ်သံမဏိ၏ အလုပ်ရုံကို စစ်ကောင်စီက ချိတ်ပိတ် မုံရွာ MPDF ခေါင်းဆောင် ဗိုလ်သံမဏိ၏ အလုပ်ရုံကို စစ်ကောင်စီက ချိတ်ပိတ် Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.