မုံရွာတွင် ခိုးဆိုးလုနှိုက်သောင်းကျန်နေသော အမျိုးသား၃ဦးကို Monywa Satanအဖွဲ့မှ လက်နက်နှင့်အတူ ဖမ်းဆီးရမိ

ဓာတ်ပုံ-Monywa Satan

ဇန်နဝါရီ၁၂

စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုန်အတွင်းတွင် ညစဉ် ခိုးယူလုယက်ယုံသာမက အိမ်ရှင်များကိုဓားထောက်၊လူပြတ်သည့်နေရာများတွင် အသက်အန္တရာယ်ပေးကာ၊ခိုးဆိုးလုနှိုက်အဖွဲ့ထဲမှ အမျိုးသား၃ဦးအား Monywa Satanအဖွဲ့မှ သက်သေခံပစ္စည်းများနှင့် ဖမ်းယူရမိကြောင်း ထုတ်ပြန်ကြေညာသည်။ 

အဆိုပါဖမ်းဆီးရမိသည့်လူငယ်၃ဦးမှ မိမိတို့သည် ခိုးဆိုးလုယက်သူများဖြစ်ကြောင်း၊ဆိုင်ကယ်ခိုးဖို့အတွက် ယူဆောင်လာသည့်ပစ္စည်းများဖြစ်ကြောင်း၊စစ်ကောင်စီတပ်ဖွဲ့များနှင့်တွေ့လျှင် လူပဲပြန်လွှတ်ပေး၍ ပစ္စည်းများသိမ်းဆည်းကြောင်း ဝန်ခံပြောကြားသည်ဟု သိရသည်။ 

ဖမ်းဆီးရမိသူ၃ဦးကို Monywa Satan  အဖွဲ့မှ မိဘပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကို ခိုးယူသည့် ၎င်းလူငယ်၃ဦးကို ထိုက်သင့်သောပြစ်ဒဏ်ပေး၍ ကျန်ရှိသောလူငယ်များကို ဆက်လက်ဖမ်းဆီးပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။


Chindwin Yoma Mediac

မုံရွာတွင် ခိုးဆိုးလုနှိုက်သောင်းကျန်နေသော အမျိုးသား၃ဦးကို Monywa Satanအဖွဲ့မှ လက်နက်နှင့်အတူ ဖမ်းဆီးရမိ မုံရွာတွင် ခိုးဆိုးလုနှိုက်သောင်းကျန်နေသော အမျိုးသား၃ဦးကို Monywa Satanအဖွဲ့မှ လက်နက်နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:07 Rating: 5

No comments:

Powered by Blogger.