ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား


January 27,2022

ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ခန့်မှစကာရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး  ကုန်းဆာ ကချင်ရွာနဲ့ ပန်ဆေး ပလောင်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း  ဒေသခံများထံမှ သိရသည်။

"မနောကွင်းကနေလည်း ကြားရတယ်။ ခုန အိမ်ရောက်တဲ့ ထိ သေနတ် ပစ်သံ တွေ ကြားနေရတယ်။ ဒီ စစ်တပ် ၂၄၁ ကနေ ပစ်ကူပေးနေတယ်။ သေနတ်သံတော့ကြားနနီးနီးလေး ဖြစ်နေတယ်ဆိုတာတော့ သိတယ် အစကာလိုင် ဘက်ထင်နေတာ မဟုတ်ဘူး ကုန်းဆာနဲ့ ပန်ဆေး ကြားမှာ ဖြစ်နေတာ" လို့ ကွတ်ခိုင် ဒေသခံတစ်ဦးကပြောသည်။ 

ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ် ၂၄၁ တပ်မှလည်း လက်နက် ကြီးပစ်ကူနေသံများ  တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့် ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ဆီ ကနေ ကြားရတယ်။ လက်နက်ကြီးရော လက်နက်သေးရော။ အသံတော့ သိပ် မကြည်ဘူး ကြားလိုက်  မကြား လိုက်ပဲ။ ကွတ်ခိုင် အမြှောက်တပ်ကနေ ပစ်ကူတာ။ ကျနော်တို့ဘက်ကနေ နေဝင်ဘက် ပလောင်ရွာ ကုန်းဆာ၊ စစ်တပ်ဘက်  ရွာနား ပေမယ့် စစ်တပ်ဝန်းက ကျယ်တော့ အနောက်ဘက်ခြမ်း ဖြစ်တော့ နည်းနည်း ဝေးသွားတယ် " လို့ သူ က ပြောပါတယ်။ 

ပန်ဆေးရွာနှင့် ကုန်းဆာရွာတွင် လွန်ခဲ့သည့် ၂၀၁၀ နှစ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်  ဒေသခံများ ရွာပျက်လုနီးပါး တိမ်း‌ရှောင်နေရဆဲဖြစ်ပြီး  လက်ရှိတွင် နေအိမ် ၁၅ အိမ်ခန့်သာ နေထိုင်နေသည့်ကျေးရွာဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေနေမှာ ကွတ်ခိုင်၊ တာမိုးညဲ၊ သိန္နီ၊ ဟိုပန် နယ်မြေဒေသ တွေမှာ EAOs ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်နေသည့်အပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့လည်း ပြောက်ကျားစစ်ဆင်ရေး လှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာသည့်အတွက်  စစ်ကောင်စီတပ်ဘက်မှ မြောက်ပိုင်း ဒေသဘက် စစ်အင်အားအဆက်မပြတ် စစ်ကြောင်းထိုး ထိုးစစ်ဆင်ခြင်း ပိုမိုလုပ်ဆောင်လာကြောင်း သိန္နီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူတွေများသို့  အသိပေး ကြေငြာထားသည်။

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည် သူ့စစ်၊ TNLA, MNDAA, KIA, မြောက်ပိုင်း မဟာမိတ်ညီနောင်၊ ပြည်သူ့ကာကွယ်ရေးတပ် ( PDF) တို့ လှုပ်ရှား သွားလာရာ ဒေသဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။


Kachin News Group

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.