စစ်ကောင်စီ၏ သားသတ်လိုင်စင်ကို ဝင်မလျှောက်ရန် စီးပွားရေးသမားများကို ကန့်ဘလူ LDF သတိပေး


ကန့်ဘလူ၊ ဇန်နဝါရီ ၁၉

သားသက်လိုင်စင်အတွက် စစ်ကောင်စီက တင်ဒါခေါ်ယူနေသည့်အပေါ် စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်ပတ်သက်ခြင်းမပြုရန် ကန့်ဘလူမြို့နယ် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ထိုတင်ဒါမှ ရရှိမည့် ငွေကြေးများသည် ပြည်သူလူထုကို သက်ဖြတ်ရန် ကျည်ဆံဖိုးများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သောကြောင့် တားမြစ်ရခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူငယ့်ခေတ်သို့ ပြောသည်။

"တင်ဒါက တစ်နယ်နဲ့ တစ်နယ် ‌နောက်ဆုံးရက် သက်မှတ်ထားတာမတူဘူး။ တင်ဒါဈေးနှုန်းကလည်း မတူညီပါဘူး" ဟု ၎င်းက ပြောသည်။

ရွာအရေအတွက်ပေါ်မူတည်၍ နယ်မြေသေးပါက သိန်း (၁၅၀) မှ စတင်ပြီး သိန်းထောင်ဂဏန်းအထိ ပေါက်ဈေးရှိသည်ဟု သိရသည်။

စစ်ကောင်စီ၏ သားသက်လိုင်စင်တင်ဒါကို စီးပွားရေးလောဘဖြင့် ဝင်ရောက်ရယူမည်ဆိုပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို အာမခံမည်မဟုတ်ကြောင်း  ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။


Lu Nge Khit

စစ်ကောင်စီ၏ သားသတ်လိုင်စင်ကို ဝင်မလျှောက်ရန် စီးပွားရေးသမားများကို ကန့်ဘလူ LDF သတိပေး စစ်ကောင်စီ၏ သားသတ်လိုင်စင်ကို ဝင်မလျှောက်ရန် စီးပွားရေးသမားများကို ကန့်ဘလူ LDF သတိပေး Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.