မန္တလေးရှိ ဘီယာဆိုင် သုံးဆိုင်နှင့် KTV တစ်ခု လက်လုပ်မိုင်းပစ်၊ မီးရှို့၍ သတိပေးခံရ


ဇန်နဝါရီ - ၂၇ 

မန္တလေးမြို့ရှိ စစ်အုပ်စုထောက်တိုင်ဟု နာမည်ထွက်သည့် ဘီယာဆိုင်သုံးဆိုင်နှင့် KTV တစ်ခုကို လက်လုပ်မိုင်းပစ်၊ မီးရှို့ခြင်းတို့ဖြင့် သတိပေးခံခဲ့ရကြောင်း သတင်းရရှိသည်။ 

အဆိုပါဆိုင်များ အပါအဝင် မန္တလေးမြို့ရှိ ဘီယာဆိုင်များနှင့် KTV များသို့ စစ်အုပ်စုနှင့် မပတ်သက်ရန် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်ခဲ့ပြီး မလိုက်နာသည့်ဆိုင်များကို သုံးရက်စောင့်ကြည့်ခဲ့ကြောင်း Justice Mandalay PDF အဖွဲ့က ထုတ်ပြန်သည်။ 

မလိုက်နာသည့်ဆိုင်များကို ယနေ့ ဇန်နဝါရီ (၂၇)ရက် ညနေ (၆)နာရီခွဲတွင် မဟာမိတ် သုံးဖွဲ့ဖြစ်သော KPDF(ကရင်ပြည်အခြေစိုက် ကရင်နီတပ်ဦး)၊ Phoenix(ရေစကြိုအခြေစိုက်)၊  Mandalay PDF တို့နှင့်ပူးပေါင်း၍ သတိပေးခဲ့သည်ဟု JMPDF က ဆိုသည်။ 

နန်းရှေ့ ၁၉ လမ်း၊ ၅၆ × ၅၇ ကြားရှိ စကစထုတ်ကုန် မြန်မာဘီယာရောင်းသည့်ဆိုင်အား လက်လုပ်မိုင်းပစ်၍ သတိပေးခြင်း၊ ရဲမွန်တောင် ၅၇ လမ်းမှ KTV တစ်ခုအား မိုင်းကျွေး သတိပေးခြင်း၊ ၂၃ × ၈၉ လမ်းထောင့်ရှိ စကစထောက်တိုင် ဘီယာဆိုင်တစ်ဆိုင်အား မီးရှို့သတိပေးခြင်း၊ သမန်းကုန်း လမ်း (၆၀) အင်းခရုဘုရားအနီးရှိ စကစထောက်တိုင် ဘီယာဆိုင်တစ်ဆိုင်အား မီးရှို့ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သတိပေးမှုကို မလိုက်နာသည့် ဆိုင်များကိုလည်း ဆက်လက်ပညာပေးသွားမည်ဟု JMPDF က ထုတ်ပြန်ထားသည်။ 


Mandalay Free Press - MFP

မန္တလေးရှိ ဘီယာဆိုင် သုံးဆိုင်နှင့် KTV တစ်ခု လက်လုပ်မိုင်းပစ်၊ မီးရှို့၍ သတိပေးခံရ မန္တလေးရှိ ဘီယာဆိုင် သုံးဆိုင်နှင့် KTV တစ်ခု လက်လုပ်မိုင်းပစ်၊ မီးရှို့၍ သတိပေးခံရ  Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.