ကရင်နီပြည်သူလူထုအနေဖြင့် ဗုံးခိုကျင်းများ အမြန်ဆုံးတူးထားရန် KSCC ကြေညာ

ပုံစာ- KSCCမှ ထုတ်ပြန်ထားသည့် ဗုံးခိုကျင်းတူးရမည့် အချက်လက်များ

ကယား၊ ဇန်နဝါရီ ၁၇

ကရင်နီပြည်သူလူထုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုရန်ကို ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းများ အမြန်ဆုံး တူးထားကြရန် ကရင်နီပြည်နယ်အတိုပင်ခံကောင်စီ KSCC က အရေးပေါ်ကြေညာချက်ကို ယနေ့ (ဇန်နဝါရီ ၁၇) ထုတ်ပြန်သည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခု ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ပြီးနောက် KSCC က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုပြင် လေကြောင်းမှ အချိန်တိုင်း တစ်တိုင်းပြည်လုံးအတိုင်းအတားဖြင့် ပျံသန်းနေပြီး ကရင်နီပြည်နယ်တွင်း နေရာ‌ဒေသအနှံ့ပြားကိုလည်း ပျံသန်းနေကာဆက်လက်တိုက်ခိုက်မည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း‌ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို ဇန်နဝါရီလတွင် ပိုမိုပြုလုပ်လာကြောင်း သိရသည်။


Lu Nge Khit

ကရင်နီပြည်သူလူထုအနေဖြင့် ဗုံးခိုကျင်းများ အမြန်ဆုံးတူးထားရန် KSCC ကြေညာ ကရင်နီပြည်သူလူထုအနေဖြင့် ဗုံးခိုကျင်းများ အမြန်ဆုံးတူးထားရန် KSCC ကြေညာ Reviewed by THITHTOOLWIN on 00:51 Rating: 5

No comments:

Powered by Blogger.