(Video - Supplied) |
ဇန်နဝါရီလ ၉ ရက်နေ့၊ ၂၀၂၂
တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ KNU တပ်မဟာ ၄ နယ်မြေအတွင်းရှိ ပဝတ်ဖျားရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေမီးရှို့ခဲ့သည့်နေရာက ရုပ်သံမှတ်တမ်းတစ်ခုကို ဒေခံတစ်ဦးကပေးပို့ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက KNU နယ်မြေထဲကို စစ်ကြောင်းထိုးခဲ့လို့ ဇန်နဝါရီ ၈ ရက်နေ့က စစ်ကောင်စီနှင့် PDF/ PRDF တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သလို ရွာထဲကလူနေအိမ်တချို့ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ပုလောမြို့နယ် ခလရ ၂၈၅ တပ်ရင်းက စစ်ကြောင်းထိုးရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂၀ လောက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။
အဆိုပါတိုက်ပွဲဖစ်ပွားတဲ့ ပဝတ်ဖျားကျေးရွာမှာ စစ်ကောင်စီတပ်က ကရင်ဒေသခံတွေရဲ့အိမ် ၇ လုံးကို ဇန်နဝါရီ ၈ ရက်နေ့ညမှာပဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ရွာသားတွေကဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ရက်အတွင်းက ပဝတ်ဖျားရွာမှာလည်း စစ်ကေင်စီတပ်က ရွာသားအယောက် ၂၀ ကိုလည်းဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေသယ်ခိုင်းတာ၊ လမ်းပြခိုင်းတာတွေစေခိုင်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
Salween Press
No comments:
Post a Comment