ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက် အတွင်း KNU တပ်မဟာ(၅) တိုက်ပွဲမှာ စစ်တပ်ဘက်က (၅၄)ဦး သေဆုံးပြီး (၄၈)ဦး ဒဏ်ရာရ


ဇန်နဝါရီ ၁၆ ရက်၊ ဘားအံ

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA)ရဲ့ တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်တို့ လဝက်အတွင်း တိုက်ပွဲမှာ စစ်တပ်ဘက်က (၅၄)ဦး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ တိုက်ပွဲ (၁၁၉)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူအပြင် တပ်ခွဲမှူးတစ်ဦးအပါအဝင် (၄၈)ဦး ဒဏ်ရာရခဲ့ပြီးတော့ ကား (၁၃)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU-Mutraw News က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း KNLA ဘက်မှ တစ်ဦး ကျဆုံးပြီးတော့ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုပါ အသုံးပြုခဲ့ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက် အတွင်း KNU တပ်မဟာ(၅) တိုက်ပွဲမှာ စစ်တပ်ဘက်က (၅၄)ဦး သေဆုံးပြီး (၄၈)ဦး ဒဏ်ရာရ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက် အတွင်း KNU တပ်မဟာ(၅) တိုက်ပွဲမှာ စစ်တပ်ဘက်က (၅၄)ဦး သေဆုံးပြီး (၄၈)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:17 Rating: 5

No comments:

Powered by Blogger.