ဖာပွန်မြို့ပြင်အခြေစိုက် ခမရ (၄၃၄) ကို KNU တပ်မဟာ (၅) ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ဓာတ်ပုံ - KNU 

ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် ခမရ (၄၃၄) တပ်အား ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက ယနေ့ (ဇန်နဝါရီ ၁၄ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကြောင်း သိရသည်။ 

ထိုသို့ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်၏ မထောအခြေစိုက် ခမရ (၄၀၇) တပ်ဖွဲ့ဝင်များက မထောကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယမန်နေ့ ညနေ ၆ နာရီ အချိန်ကလည်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) (၁၀၁၃) က ထောင်ထားသည့် မိုင်း ၁ လုံး နင်းမိပြီး KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 


D-Day Channel

ဖာပွန်မြို့ပြင်အခြေစိုက် ခမရ (၄၃၄) ကို KNU တပ်မဟာ (၅) ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး ဖာပွန်မြို့ပြင်အခြေစိုက် ခမရ (၄၃၄) ကို KNU တပ်မဟာ (၅) ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:32 Rating: 5

No comments:

Powered by Blogger.