KNU မူတြော်ခရိုင်ကို သန်းခေါင်အချိန် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၁ ဦးထိမှန်သေဆုံး


မဲခေါင်၊ ဇန်နဝါရီ ၁၃

KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာအတွင်းသို့ ဇန်နဝါရီ ၁၃ မနက် ၁ နာရီတွင် စစ်ကောင်စီက လေယာဉ် ၂ စင်းဖြင့် ဗုံး ၄ လုံးကြဲချခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

စစ်ကောင်စီကြဲချသည့် ဗုံးများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ အဆောက်အဦ ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

ဇန်နဝါရီ ၁၂ မနက် ၁ နာရီခန့်ကလည်း ဒွယ်လိုးမြို့နယ် ကျေးရွာများအတွင်း စစ်ကောင်စီလေယာဉ် ၂ စင်းက ဗုံးများကြဲချခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်းနှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးခဲ့ရသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅  ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများဖြင့် အထိနာနေသည်။

စစ်ကော်စီတပ်များသည် KNU တပ်မဟာ ၆ နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီကာ စစ်ဘေးရှောင်နေရသည်။

စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများအတွက် လေကြောင်းတိုက်ခိုက်မှုများမရှိစေရေး လေယာဉ်မပျံသန်းရေးဇုံ သတ်မှတ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများသို့ KNU က ထုတ်ပြန်တောင်းဆိုထားသည်။


MeKong News - မဲခေါင်သတင်း

KNU မူတြော်ခရိုင်ကို သန်းခေါင်အချိန် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၁ ဦးထိမှန်သေဆုံး KNU မူတြော်ခရိုင်ကို သန်းခေါင်အချိန် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၁ ဦးထိမှန်သေဆုံး Reviewed by THITHTOOLWIN on 18:51 Rating: 5

No comments:

Powered by Blogger.