KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ညအချိန် ဗုံးကြဲတိုက်ခိုက်၊ ဆေးပေးခန်း နှစ်ခုပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ မူတြော်(ဖာပွန်ခရိုင်) ဒွယ်လိုးမြို့နယ် အတွင်းသို့ အာဏသိမ်းစစ်ကောင်စီက ယမန်နေ့ညသန်းခေါင်းယံအချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယမန်နေ့ညပိုင်း(ယနေ့ ဇန်နဝါရီ ၁၂ရက်နံနက်စော ၁နာရီ ၅မိနစ်)တွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ လယ်ထူဖိုး၊ ဝါးခါဒဲနှင့် ထွီသီးအူ အနီးအနားနေရာများသို့ အာဏာ သိမ်းစစ်ကောင်စီမှ တိုက်လေယာဉ်သုံးစင်းဖြင့် လာရောက်၍ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲရာတွင် လယ်ထူဖိုး၌ နှစ်လုံ နှင့် ထွီသီးအူ၌သုံးလုံးကျခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေတွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိရာ ယခုရက်ပိုင်းအတွင်း၌လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနေ သည်။

People's Spring 

KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ညအချိန် ဗုံးကြဲတိုက်ခိုက်၊ ဆေးပေးခန်း နှစ်ခုပျက်စီး KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် ညအချိန် ဗုံးကြဲတိုက်ခိုက်၊ ဆေးပေးခန်း နှစ်ခုပျက်စီး Reviewed by THITHTOOLWIN on 17:34 Rating: 5

No comments:

Powered by Blogger.