ကရင်နီပြည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအခြေအနေ၊ ဇန်နဝါရီလ ၇ ရက်နေ့ ထိုင်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းမှ ပြည်တွင်းဒုက္ခသည်အခြေအနေ၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ ဆက်တိုက် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအခြေနေကို ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ အရေးပေါ် သတင်းထုတ်ပြန်ပါတယ်။
အပြစ်မဲ့ပြည်သူလူထုများအား တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းအား နိုင်ငံတကာအဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်မှု ပြုလုပ်ဆောင်ရွက်သွားနိုင်ရန် နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ KNPP မှ လေးလေးနက်နက်တောင်းဆိုလိုက်ပါတယ်။
Kantarawaddy Times
ကရင်နီပြည်တွင်းနဲ့နယ်စပ်အခြေအနေကို KNPP အရေးပေါ်သတင်းထုတ်ပြန်
Reviewed by THITHTOOLWIN
on
01:34
Rating:
No comments:
Post a Comment