ဘီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်ကားနှင့် တိုးဂိတ်တို့ကို KNLA တိုက်ခိုက်၊ စစ်သား ၃ ဦးခန့်သေဆုံး


ဇန်နဝါရီလ ၁၈ ရက် ၊ ၂၀၂၂ ခုနှစ် ။

မွန်ပြည်နယ် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ဆင်းလာသောစစ်ကောင်စီတပ်ကားတစ်စီးအား KNLA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ခန့်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၇ ညနေပိုင်းတွင် KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ ဘီးလင်းမြို့အဝင် ရန်ကုန်-မော်လမြိုင်ကား လမ်းဘေး၌ စစ်ကောင်စီတပ်ကားအား KNLA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်ကားအားမိုင်းဆွဲတိုက်ခိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ကားအားမိုင်းဆွဲခဲ့သည့်နေရာအနီးရှိ စစ်ကောင်စီတပ် ရွှေသံလွင်တိုးဂိတ်စခန်းအား KNU တပ်မဟာ (၁ )၊ တပ်ရင်း (၂)တပ်ဖွဲ့တို့မှဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ချိန် နာရီဝက်ခန့်ကြာမြင့်ခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

'' ကျွန်တော်တို့အဲဒီဂိတ်ကိုပစ်ပြီးလို့ပြန်ထွက်သွားတာနဲ့ လူနာတင်ကားနဲ့စစ်ခွေးတွေကိုလာတင်သွားတယ် ။  ခန့်မှန်းရသလောက် ၃ယောက်လောက်တော့သေချာပေါက်သေတယ် '' ဟု၎င်းကပြောသည်။

အဆိုပါ ပစ်ခတ်မှုများကို ဘီးလင်းမြို့အနီအနားကျေးရွာများရှိဒေသခံပြည်သူများကလည်း ကြားနေခဲ့ရပြီး ထိုပစ်ခတ်သံများကြောင့်အပြင်မထွက်ရဲကြတော့ဘဲကြောက်လန့်နေကြသည်ဟု သိရသည်။

နှစ်ဖက်ပစ်ခတ်မှုအပြီး၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တစ်ဖက်သတ်ပစ်ခတ်နေခဲ့ပြီး ည ၁၀ နာရီကျော်ကျော်အချိန်ထိ လက်နက်ကြီးသံများကို ကြားနေခဲ့ရသည်ဟု ဟုဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။

မွန်ပြည်နယ် သထုံ-ဘီးလင်းလမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်ကားများ မကြာခဏဖြတ်သန်းသွားလာမှုများရှိနေသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း သထုံမြို့နယ် ဝီယော်ရွာနှင့် ထုံးဘိုလေး ရွာနားသို့ စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်ယာဥ်တန်း ၂၆ စီးအား KNLA နှင့် ဒေသခံပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း  စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးနှင့်အထက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်။ 

ထို့ပြင် ဒဏ်ရာရသူများအား ဆေးကုသရန်အတွက်ပြန်လည်ခေါ်ဆောင်သွားစဥ် စစ်တောင်းတံတားပေါ်တွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂ ဦးသေဆုံးသွားခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

ဘီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်ကားနှင့် တိုးဂိတ်တို့ကို KNLA တိုက်ခိုက်၊ စစ်သား ၃ ဦးခန့်သေဆုံး ဘီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်ကားနှင့် တိုးဂိတ်တို့ကို KNLA တိုက်ခိုက်၊ စစ်သား ၃ ဦးခန့်သေဆုံး Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.