KNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ (၂)နေရာဖြစ်ပွား၊ စစ်ကောင်စီ(၇)ဦးသေ၊ (၉)ဦးဒဏ်ရာရ


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ရက်နေ့ 

ဇန်နဝါရီ (၄)ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်တွင် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၃)ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီ ခလရ (၂)တို့ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အင်ဂဘိုကျေးရွာအနီး ကားလမ်းဘေး ဇရပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က (၅)ဦးသေ (၆)ဦးဒဏ်ရာရခဲ့ကာ KNLAဖက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၃၅ မိနစ်တွင်လည်း အေဲန်ယူ-ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျူးကျော်ကျေးရွာနှင့် သရက်ကုန်းကျေးရွာကြားတွင် စစ်ကောင် စီကားတန်းကို စစ်ကောင်စီယာဥ်တန်းကို  KNLAပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရကာ စစ်ကောင်စီ ကား (၂) စီးပျက်စီးခဲ့သည်။

ထို့နောက် အာဏာသိမ်း စစ်ကောင်စီဖက်မှ လူနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့်  အသက် ၃၀ အရွယ်ရှိ ကျူးချောင်ကျေးရွာသူ မလွင်မိုးအားသေနတ်ထိမှန်ခဲ့ပြီး လူနာအခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင်လက်နက်ကြီး ထိမှန်မှုကြောင့်  သရက်ကုန်းကျေးရွာတွင်နေထိုင်သူ မောင်ချစ်သန်း၏ နေအိမ်တစ်ခြမ်း မှာလည်း ပျက်စီးခဲ့သည်။


𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 

KNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ (၂)နေရာဖြစ်ပွား၊ စစ်ကောင်စီ(၇)ဦးသေ၊ (၉)ဦးဒဏ်ရာရ KNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲ (၂)နေရာဖြစ်ပွား၊ စစ်ကောင်စီ(၇)ဦးသေ၊ (၉)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.