တိုက်ပွဲတွင် လက်နက်ကြီးထိမှန်ခဲ့သည့် KNDF ရဲဘော်နှစ်ဦး အသက်အန္တရာယ်စိုးရိမ်နေရပြီး ဆေးကုသစရိတ်လိုအပ်နေ


လွိုင်ကော် - ဇန်နဝါရီ ၈၊ ၂၀၂၂။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) မှ ရဲဘော်နှစ်ဦး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ 

ထိခိုက်ဒဏ်ရာရသူများမှာ ယမန်နေ့ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်နှင့် မိုင်းလုံရပ်ကွက်တိုက်ပွဲတွင် လူနာသွားသယ်ချိန် လက်နက်ကြီးစထိမှန်ခဲ့ကြခြင်းဖြစ်ပြီး အရေးပေါ်ကုသမှုခံယူနေရသည်ဟု အမည်မဖော်လိုသူ KNDF တပ်ဖွဲ့ဝင်တစ်ဦးက  The 74 Media ကိုပြောသည်။

“လူနာသွားသယ်တုန်း လက်နက်ကြီးတည့်တည့်ကျလာလို့ ထိသွားတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်ဗျ။ ကျောက်ကပ်တွေ နေရာမမှန်တော့ဘူးလို့လည်း ကြားရတယ်။ ဆေးတပ်သားကတော့ သွေးထွက်လွန်ပြီးနေတော့ ဖြူဖတ်ဖြူရော်ဖြစ်နေလို့ သူတို့နှစ်ယောက်ကို အရေးပေါ် ကုသပေးနေရပါတယ်”ဟုပြောသည်။

ဆေးကုသမှုခံယူနေသည့် ရဲဘော်နှစ်ဦးအတွက် ဆေးဖိုးထောက်ပံ့ကူညီပေးမှုများလည်း လိုအပ်နေသေးကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲအတွင်း ယမန်နေ့က ကျဆုံးသွားသော ရဲဘော်နိုင်လင်းသည် CDM ပြုလုပ်နေသည့် ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ယနေ့နံနက်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

လွိုင်ကော်မြို့တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်မှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိသူများနှင့် ကျဆုံးသူများလည်းရှိပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦးသေဆုံးခဲ့ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)  ကသတင်းထုတ်ပြန်ထားသည်။


The 74 Media 

တိုက်ပွဲတွင် လက်နက်ကြီးထိမှန်ခဲ့သည့် KNDF ရဲဘော်နှစ်ဦး အသက်အန္တရာယ်စိုးရိမ်နေရပြီး ဆေးကုသစရိတ်လိုအပ်နေ တိုက်ပွဲတွင် လက်နက်ကြီးထိမှန်ခဲ့သည့် KNDF ရဲဘော်နှစ်ဦး အသက်အန္တရာယ်စိုးရိမ်နေရပြီး ဆေးကုသစရိတ်လိုအပ်နေ Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.