လွိုင်ကော်တွင် ပိတ်မိနေသောပြည်သူများကို ကယ်ထုတ်ရင်း KNDF တပ်ဖွဲ့ဝင် ကျောင်းဆရာတစ်ဦးကျဆုံး၊ ပြည်သူ ၆ င်္ဦး သေဆုံး


ဇန်နဝါရီ ၇ ရက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်သူများနေထိုင်သော ရပ်ကွက်များကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်များဖြင့် ပစ်ခတ်သဖြင့် ပြည်သူအနည်းဆုံး ၆ ဦးသေဆုံးကာ၊ KNDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရသည်ဟု PKPF မှ သတင်းထုတ်ပြန်သည်။

ကျဆုံးသွားသော KNDF တပ်ဖွဲ့ဝင် ကိုနိုင်လင်းမှာ ကျောင်းဆရာတစ်ဦးလည်းဖြစ်ပြီး ပိတ်မိနေသောပြည်သူများကို ကယ်ထုတ်ရင်း လက်နက်ကြီးထိမှန်ကာ ကျဆုံးသွားရခြင်းဖြစ်သည်ဟု သိရသည်။

လွိုင်ကော်မြို့ ပန်ကန်း၊ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်များ အတွင်းသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ အဆက်မ​ပြတ်ပစ်ခတ်သဖြင့် နေအိမ်များပျက်ဆီးကာ ပြည်သူအချို့ ဒဏ်ရာရသေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒေသခံထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ပိတ်မိနေသူများလည်း ရှိနေခြင်းဖြစ်သည်။


HTY Information

လွိုင်ကော်တွင် ပိတ်မိနေသောပြည်သူများကို ကယ်ထုတ်ရင်း KNDF တပ်ဖွဲ့ဝင် ကျောင်းဆရာတစ်ဦးကျဆုံး၊ ပြည်သူ ၆ င်္ဦး သေဆုံး လွိုင်ကော်တွင် ပိတ်မိနေသောပြည်သူများကို ကယ်ထုတ်ရင်း KNDF တပ်ဖွဲ့ဝင် ကျောင်းဆရာတစ်ဦးကျဆုံး၊ ပြည်သူ ၆ င်္ဦး သေဆုံး Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.