လွိုင်ကော်တွင် KNDF စနိုက်ပါရဲဘော်တစ်ဦး ယနေ့ ကျဆုံး


ကရင်နီပြည်(ကယားပြည်နယ်)လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တိုက်ပွဲ၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ စနိုက်ပါ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

အဆိုပါ ကျဆုံးသွားခဲ့သောရဲဘော်သည် KNDF တပ်ရင်း ၆ မှ ရဲဘော်တစ်ဦးဖြစ်ပြီး စနိုက်ပါအချင်းချင်း ပစ်ခဲ့ရာမှ ကျဆုံးခြင်းဖြစ်ကြောင်း နှင့် ၎င်းကျဆုံးကြောင်းကို ဒေသခံသတင်းအရင်းအမြစ်များက ညနေ ၃ နာရီကျော်ကျော်အချိန်၌ ဖော်ပြထားသည်။ 

" သူက စနိုက်ပါထိမှန်ပြီး ကျဆုံးသွားတာ ဟုတ်ပါတယ် ။ တိုက်ပွဲက အခုဖြစ်နေတုန်းပါပဲ"ဟု ဒေသခံတစ်ဦးက ညနေ ၄ နာရီခွဲခန့်တွင်ပြောသည်။


သံလွင်ခက် - Than Lwin Khet News

လွိုင်ကော်တွင် KNDF စနိုက်ပါရဲဘော်တစ်ဦး ယနေ့ ကျဆုံး လွိုင်ကော်တွင် KNDF စနိုက်ပါရဲဘော်တစ်ဦး  ယနေ့ ကျဆုံး Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.