တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို KNDFက မီးရှို့သင်္ဂြိုလ်ပေးခဲ့


လွိုင်ကော်မြို့၊ ရွာတန်းရှည်နဲ့ မိုင်းလုံးရပ်ကွက်မှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို KNDFနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒီကနေ့(ဇန်နဝါရီ၁၃ရက်)မှာ KNDFက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မှာဆိုရင်လည်း မိုင်းလုံးရပ်ကွက်၊ နည်းပညာတက္ကသိုလ် အနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊ PDFပူးပေါင်းမဟာမိတ်တပ်ဖွဲ့ တို့ မနက် ၁၀နာရီခွဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁)ရက်နေ့ မနက်၆နာရီခွဲ အချိန်မှာလည်း ဘောလခဲမြို့နဲ့  နန်းဖဲကျေးရွာကြားက မက်စလောင်တောင် စခန်းကို KA၊ KNDFက တိုက်ခိုက်ခဲ့ကာ (၄၅)မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပြီး စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်ဘူးလို့ KNDFက ထုတ်ပြန်ထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) / Kantarawaddy Times 



တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို KNDFက မီးရှို့သင်္ဂြိုလ်ပေးခဲ့ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကို KNDFက မီးရှို့သင်္ဂြိုလ်ပေးခဲ့ Reviewed by THITHTOOLWIN on 09:41 Rating: 5

No comments:

Powered by Blogger.