စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အပါအဝင် တာချီလိတ်တွင် ၃ရက်ဆက် ဖောက်ခွဲခဲ့ကြောင်း KKK ထုတ်ပြန်


မဲခေါင်၊ ဇန်နဝါရီ ၁၁

အာဏာသိမ်းစစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာကျော်ထွန်းက တာချီလိတ်မြို့သို့ လာရောက်စဉ် ၃ရက်ဆက်တိုက် ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း TCL.KKK.SHNမှ ယနေ့ အသိပေးထုတ်ပြန်သည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ ၈ရက်မှ ၁၀ရက်အထိ ၃ဆက်တိုက်ဖောက်ခွဲမှုများကို TCL.KKK.SHNက လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၈ရက်က စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်‌ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ ညအိပ်နေသည့် ဇန်းမွန်ဟိုတယ်အနီးနှင့် ဇန်နဝါရီလ ၉ရက်က အဆိုပါက‌ ကျော်ထွန်း တက်ရောက်ရာ မှတ်ပုံတင်ပေးအပ်ပွဲအခမ်းအနားပြုလုပ်သည့် အောင်မြတ်ခန်းမတို့တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါကြေညာချက်၌ ပါရှိသည်။

အလားတူ ဇန်နဝါရီလ ၁၀ရက်ကလည်း အဂတိလိုက်စားမှုများရှိနေသည့် တာချီလိတ်မြို့နယ်လဝကရုံးကို နောက်နောင်မလုပ်ဆောင်စေရန် ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အတွင်း ရုံးအကူမိသားစုအား မထင်မှတ်ဘဲ ထိခိုက်မိစေသည့်အတွက် ဝမ်းနည်းမိကြောင်းနှင့် တောင်းပန်ကြောင်းကို ယKKK အဖွဲ့က ကြေညာချက်၌ ဖော်ပြထားသည်။

သို့သော်လည်း ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး ၎င်းတို့‌ဆောင်ရွက်သယောင် တာချီလိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၁၀ရက် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်သည် TCL.KKK.SHN နှင့် သက်ဆိုင်မှုမရှိကြောင်း KKK အနေဖြင့် ချမှတ်ထားသည့်မူဘောင်အတိုင်း စစ်အာဏာရှင်ကျဆုံးရေးအတွက် စစ်အာဏာရှင်များနှင့် ယန္တရားကို အထောက်အကူပြုစေသူများကို တိုက်ခိုက်သွားမည်ဟုလည်း အသိပေးကြေညာ ထားသည်။

MeKong News - မဲခေါင်သတင်း

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အပါအဝင် တာချီလိတ်တွင် ၃ရက်ဆက် ဖောက်ခွဲခဲ့ကြောင်း KKK ထုတ်ပြန် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်အပါအဝင် တာချီလိတ်တွင် ၃ရက်ဆက် ဖောက်ခွဲခဲ့ကြောင်း KKK ထုတ်ပြန် Reviewed by THITHTOOLWIN on 04:51 Rating: 5

No comments:

Powered by Blogger.