မြစ်ကြီးနားမြို့ပေါ် ဆိုင်ကြီးတစ်ချို့မှာ ရောင်းချနေတဲ့ စစ်ကောင်စီထုတ်ကုန်တွေကို KIO လိုက်လံဖျက်ဆီး


ဇန်နဝါရီ၊၂၄ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က ဆိုင်ကြီးအချို့တွေမှာ ရောင်းချနေတဲ့ စစ်ကောင်စီ ထုတ်ကုန်တွေဖြစ်တဲ့ Myanmar beer ၊ ABC beer ၊ Dagon beer စတာ​တွေကို  မြစ်ကြီးနားခရိုင်၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကနေ ဒီကနေ့ လိုက်လံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့ စာထုတ်ပြန်ပြီးတဲ့နောက် အခုလို လိုက်လံဖျက်ဆီးတာတွေကို လက်​ေတွေ့ လုပ်ဆောင်နေပြီး ဒီကနေ့မှာတော့ မြို့ပေါ်ရှိ ဆိုင်ကြီးတွေက ဘီယာဖာ(၂၀၀) လောက်ကို ဖျက်ဆီးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။ 

"ဖာ၂၀၀ကျော်လောက် ဖျက်ဆီးခဲ့တယ်။ ဆိုင်နာမည်မရှိဘဲ ဒီတိုင်းရောင်းနေတာတွေလည်း အများကြီးရှိသေးတယ်”လို့ သူက ဆိုပါတယ်။ 

ဆက်လက် ရောင်းချနေတဲ့ ဆိုင်ကြီးတွေကိုတော့ ဒဏ်ရိုက်တဲ့ အနေနဲ့ ရက်တို ပိတ်ခိုင်းတာတွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။ 

မြစ်ကြီးနားခရိုင်၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) အနေနဲ့ စစ်ကောင်စီ ထုတ်ကုန်တွေဖြစ်တဲ့ Myanmar beer ၊ ABC beer ၊ Dagon beer တွေကို ဇန်နဝါရီလ (၁၀)ရက်နေ့ ကနေ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့ ဇန်နဝါရီ (၄) ရက်နေ့က ထုတ်ပြန်ထားပြီး မလိုက်နာခဲ့ရင် အရေးယူတာတွေပြုလုပ်မယ်လို့ ထုတ်ပြန်ပြီးတဲ့နောက် အခုလို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်လာတာပဲ ဖြစ်ပါတယ် ။


National Unity Media - NUM 

မြစ်ကြီးနားမြို့ပေါ် ဆိုင်ကြီးတစ်ချို့မှာ ရောင်းချနေတဲ့ စစ်ကောင်စီထုတ်ကုန်တွေကို KIO လိုက်လံဖျက်ဆီး မြစ်ကြီးနားမြို့ပေါ် ဆိုင်ကြီးတစ်ချို့မှာ ရောင်းချနေတဲ့ စစ်ကောင်စီထုတ်ကုန်တွေကို KIO လိုက်လံဖျက်ဆီး Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.