KIA တပ်မဟာနယ်မြေနှစ်ခုသို့ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်
ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ KIA တပ်မဟာ(၃) နယ်မြေသို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့(ဇန်နဝါရီ ၁၈)က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။
KIA တပ်မဟာ(၃)၊ တပ်ရင်း(၂၇)တပ်ရင်းနယ်မြေသို့ အင်အား ၁၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားလာ၍ ၎င်းတပ်ဖွဲ့များနားနေချိန် ယမန်နေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ တိုက်ပွဲမှာ မိနစ်၄၀ခန့်ကြာမြင့်ခဲ့ပြီး နှစ်ဖက်အထိအခိုက် အခြေအနေကို ဖော်ပြမထားပေ။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၈ရက် ညနေပိုင်းတွင် KIA တပ်မဟာ(၈)နယ်မြေ မိုးတားကြီး ဒေသသို့ တိုက် လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် KIA တပ်မဟာ(၉) တပ်ရင်း (၄၄) နယ်မြေသို့လည်း စစ်ကောင်စီတပ်၏ ခမရ ၃၈၃၊ ၃၈၄ တပ်မှ လက်နက်ကြီးဖြင့် ၁၅ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပေ။
People's Spring
No comments:
Post a Comment