ဇန်နဝါရီ၊၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ခင်ဒူယန်ကျေးရွာအနီးမှာ ဆွမ်ပီယန်ကျေးရွာ တပ်စခန်းကနေ ခြေလျင်နဲ့ ထိုးစစ်ဆင်ဆင်းလာတဲ့ တဲ့ စစ်ကောင်စီစစ်အင်အား (၅၀) ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ ပူးပေါင်းပြီး ဒီကနေ့မနက်(၈)နာရီလောက်မှာ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်သားအယောက် (၅၀)လောက်ခြေလျင်ဆင်းလာတဲ့ စစ်အင်အားနဲ့စစ်ကား(၂)စီးကို KIAတပ်ဖွဲ့နဲ့ PDF စုပေါင်းတပ်ကနေ နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်ကြပြီး မနက် (၈) နာရီကနေ (၁၁) နာရီထိ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM) ကို ပြောပါတယ်။
"ဆွမ်ပီယန်က ဆင်းတဲ့စစ်ကြောင်းကို မနက်အစောပိုင်းမှာ တစ်ခေါက်ပစ်ခံရတယ်ပြီး တော့အဲဒီစစ်ကြောင်းနဲ့ ခင်ဒူယန်ကျေးရွာအနီးမှာက တိုက်ပွဲဖြစ်နေတာ "လို့ ဒေသခံက ဆိုပါတယ်။
နှစ်ဖက်တပ်ကနေ အပြန်အလှန်ပစ်ခတ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အချက်(၂၀)လောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့လည်း ဒေသခံက ဆက်လက်ဆိုပါတယ်။
"စစ်တပ်ဘက်က တောတော်အထိနာပြီး အခုထိ အလောင်းတောင် လာမကောက်ကြသေးဘူးလို့ ပြောတယ်။ သေတဲ့သူက ပါနိုင်တယ်"လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့ညကလည်း စစ်အင်အားဖြည့်တင်းဖို့ ကားတစ်စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆွမ်ပီယန်အနီးက အင်ဆွဲယန်ကျေးရွာအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၇)တို့ပူးပေါင်း တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
National Unity Media - NUM
No comments:
Post a Comment