အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက် စကစဘက်မှ ၃ ဦးထက်မနည်း သေဆုံး


ဇေယျာတိုင်း၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ယနေ့ဇန်နဝါရီ ၂၁ရက် နေ့လည်ပိုင်းအချိန့်ခန့်က နဘားရွာမှ ပင်ဝယ်ရွာဘက်သို့ မီးရထားလမ်းအတိုင်းတက်လာသော စကစအင်းအား ၃၀ခန့်အား  KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ ပင်ဝယ်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး ထက်မနည်း သေဆုံးပြီးထိခိုက်ဒဏ်ရာများရှိ‌ကြောင်းလည်း သိရသည်။

တိုက်ပွဲ​ဖြစ်နေစဥ်အတွင်း ရောက်ရှိလာသော ကားသမားပြည်သူတစ်ဦး စခဘက် မှ ရမ်းပစ်သော လက်နက်ကြီးကြောင့် သေဆုံးသွားတယ်လို့ Indaw Revolution - IR ကထုတ်ပြန်ထားသည် ။

တိုက်ခိုက်မှုအပြီးမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ အထိအခိုက်မရှိဘေးလွှတ်ရာကို ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့ခုခံတော်လှန်စစ်တဖြေးဖြေးအားကောင်းလာကာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးနေစဥ် များပြားလျက်ရှိပေသည် ။


Zayar Times - ဇေယျာတိုင်း

အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက် စကစဘက်မှ ၃ ဦးထက်မနည်း သေဆုံး အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက် စကစဘက်မှ ၃ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.