လွိုင်ကော်ခရိုင်ရဲရုံး ကင်းပုန်းများကို ဝင်ပစ်၊ စစ်ကောင်စီ ၆ ယောက်သေဟု KDF ထုတ်ပြန်


မဲခေါင်၊ ဇန်နဝါရီ ၁၅

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အနောက်ပိုင်း၊ အကျဥ်းဦးစီးဌာနအနီး၊ ခရိုင်ရဲရုံး၌ ကင်းပုန်းဝတ်လျက်ရှိသော စစ်ကောင်စီအဖွဲ့ကို မြို့ပြညီနောင်​ပြောက်ကျားအဖွဲ့များဖြစ်သော ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)နှင့် GZ-21(Liokaw) တို့ပူးပေါင်းပြီး ယမန်နေ့ ညက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မြို့ပြပြောက်ကျားတိုက်ပွဲ ဖြစ်သည့်အတွက် တိုက်ပွဲကြာချိန်သည် ၂၀ မိနစ်ခန့် ကြာခဲ့ပြီး စစ်ကောင်စီဘက်က  ၆ ဦးသေဆုံးပြီး ဒဏ်ရာအချို့ရရှိခဲ့ပါသည်။ တိုက်ပွဲတွင်း မြို့ပြပြောက်ကျား ညီနောင်အဖွဲ့မှ တစ်စုံတစ်ရာ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အောင်မြင်စွာ တိုက်ထုတ်ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KDF က ထုတ်ပြန်သည်။

လက်ရှိမြို့တွင်း၌ ပြည်သူများ နေအိမ်များစွန့်ခွာထွက်ပြေးနေချိန် ကို အခွင့်ကောင်းယူ ခိုးဆိုးလုယှက်နေကြသော စစ်ကောင်စီ နှင့်အပေါင်းအပါများကို နောက်ဆုံးအကြိမ် ထပ်မံ့သတိပေးလိုက်သည်ဟု KDF က ဆိုသည်။


MeKong News - မဲခေါင်သတင်း

လွိုင်ကော်ခရိုင်ရဲရုံး ကင်းပုန်းများကို ဝင်ပစ်၊ စစ်ကောင်စီ ၆ ယောက်သေဟု KDF ထုတ်ပြန် လွိုင်ကော်ခရိုင်ရဲရုံး ကင်းပုန်းများကို ဝင်ပစ်၊ စစ်ကောင်စီ ၆ ယောက်သေဟု KDF ထုတ်ပြန် Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.