ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ ဇန်နဝါရီ ၃ရက် ည၁၁နာရီခန့်တွင် ပြည်သူများ၏သတင်းပေးပို့ချက်အရ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့် GZ-21 ညီနောင် နှစ်ဖွဲ့ပူးပေါင်း၍ ခရိုင်စုပေါင်းရုံးရှိ ကင်းပုန်းများကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မူအတွင်း စစ်ကောင်စီဘက်မှသုံးဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခေတ်ခဲ့သဖြင့် လက်နက်အင်းအားမမျှသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်။
"သူတို့(စစ်တပ်)က အင်အား တိုးထားတယ်လို့ သတင်းပို့ချက်အရ ကျွန်တော်တို့ ရှောင်တခင်ဝင်တိုက်တာပေါ့။ သူတို့ဘက်က လက်နက်ကြီးသုံးလုံးသုံးတယ်။ပြီးတော့ ပွိုင့် ၅ လို စက်လက်နက်တွေပါ သုံးခဲ့တာ။ တိုက်ပွဲက ၁၅ မိနစ်လောက် ကြာခဲ့တယ်။ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က ဒဏ်ရာရခဲ့တာမရှိခဲ့ဘူး"ဟု KDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ ခရိုင်စုပေါင်းရုံးကို KDF ကတိုက်ခိုက်ခြင်းမှာ ယခုအကြိမ် အပါအဝင်သုံးကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁ ရက်က လွိိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်သားသုံးဦးသေဆုံးပြီး ငါးဦး ဒဏ် ရာရရှိခဲ့ကြောင်း KDFက ထုတ်ပြန်ထားသည်။
မြို့ပြ ပြောက်ကြားအဖွဲ့ဖြစ်သည့် KDFသည် လွိိုင်ကော် နှင့် ဒီးမော့ဆိုမြို့ကို အခြေပြုကာ မြို့တွင်းတိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နေပြီး Non CDM များကို ဖမ်းဆီးအရေးယူခြင်းနှင့် စစ်ကောင်စီ ထောက်တိုက်များကို ဖျက်ဆီးနိုင်နေသည်။
People's Spring
No comments:
Post a Comment