မုံရွာမြို့ အမှတ်(၂)ရဲစခန်းနှင့် KBZ ဘဏ်ခွဲ သုံးခု အပါအဝင် မြို့ပေါ် (၁၃)နေရာကို ဖောက်ခွဲတိုက်ခိုက်၊ မုံရွာနယ် မအူရွာကို စကစများ ဖိနှိပ်နေသဖြင့် မုံရွာမြို့ပေါ် ဖောက်ခွဲခြင်းဟုဆို၊

မုံရွာအမှတ်(၂)ရဲစခန်း(ပုံဟောင်း)/ Photo - CJ

ဇန်နဝါရီ - ၂၁

မုံရွာမြို့ အမှတ်(၂)ရဲစခန်းနှင့် KBZ ဘဏ်ခွဲ သုံးခု အပါအဝင် မြို့ပေါ် (၁၃)နေရာကို ယနေ့ မနက်ပိုင်းတွင် ဖောက်ခွဲတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ပြ ပြောက်ကျားတပ်ဖွဲ့များက  ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်ပိုင်းတွင် မုံရွာမြို့ စက်မှုဇုန်ရှိ အမှတ်(၂)ရဲစခန်း၊ မြို့ပေါ်ရှိ KBZ ဘဏ်ခွဲသုံးခုနှင့် အခြား မြို့ပေါ်ရှိ စကစများ ခြေရှုပ်နေလေ့ရှိသော ဘုရားနီ၊ ကျောက်ကာ၊ မြို့လယ်မီးပွိုင့်များ၊ သာစည်စျေး၊ ဘူတာ၊ သာစည်လမ်းဆုံ၊ နာရီစင်၊ မြို့ပတ်လမ်းတစ်နေရာ၊ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်နှင့် ဆည်မြောင်းရုံး စသည့် နေရာများကို ဖောက်ခွတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖောက်ခွဲမှုများသည် စစ်ကောင်စီက မုံရွာနယ် မအူကျေးရွာဘက်၌ ဖိနှိပ်နေသဖြင့် မြို့ပေါ်က ကြွပေးခြင်းဖြစ်ကြောင်း၊ ၄င်းတိုက်ခိုက်မှုများကို Monywa Nightking အဖွဲ့၊ AFC Monywa အဖွဲ့နှင့် Monywa Phoenix Warrior အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"မအူဘက်မှာ စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေရဲ့ ကွမ်းခြံတွေ၊ ကွမ်းခြံအလုပ် သမားတွေ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံး ပြုနေသိအတွက် ဖိရင်ကြွမယ်၊ ထိရင်ချမယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ မြို့ပြောက်ကျားများက ဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်ပါတယ်"ဟု Monywa NightKing ပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

မုံရွာမြို့ပေါ်ရှိ KBZ ဘဏ်ခွဲများအနီး တိုက်ခိုက်ရခြင်းမှာ ယင်းဘဏ်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ Kpay အကောင့်များ အပါအဝင် တော်လှန်ရေးနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အကောင့်များကို စစ်ကောင်စီ အလိုကျ ပိတ်ပင်မှုများ ပြုလုပ်နေခြင်းကြောင့် သတိပေး ဖောက်ခွဲခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"ပြည်သူလူထုက လှူဒါန်းထားတဲ့ တော်လှန်ရေး ရဲဘော်တွေဆီက Kpay တွေကို မတရားနည်းနဲ့ ပိတ်ပင်တဲ့အပေါ် နောက်ဆုံး သတိပေးခြင်း ဖြစ်ပါတယ်"ဟု Monywa NightKing ပြောက်ကျား အဖွဲ့မှ တော်လှန်ရေး ရဲဘော်က ဆိုသည်။

စကစများက ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့တောင်ဘက် မအူကျေးရွာနှင့် လယ်ဇင်းကျေးရွာများရှိ ဒေသခံပြည်သူများ၏ ယာတဲများအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ကျူးလွန်လျက်ရှိသည်။


Mandalay Free Press - MFP

မုံရွာမြို့ အမှတ်(၂)ရဲစခန်းနှင့် KBZ ဘဏ်ခွဲ သုံးခု အပါအဝင် မြို့ပေါ် (၁၃)နေရာကို ဖောက်ခွဲတိုက်ခိုက်၊ မုံရွာနယ် မအူရွာကို စကစများ ဖိနှိပ်နေသဖြင့် မုံရွာမြို့ပေါ် ဖောက်ခွဲခြင်းဟုဆို၊ မုံရွာမြို့ အမှတ်(၂)ရဲစခန်းနှင့် KBZ ဘဏ်ခွဲ သုံးခု အပါအဝင် မြို့ပေါ် (၁၃)နေရာကို ဖောက်ခွဲတိုက်ခိုက်၊ မုံရွာနယ် မအူရွာကို စကစများ ဖိနှိပ်နေသဖြင့် မုံရွာမြို့ပေါ် ဖောက်ခွဲခြင်းဟုဆို၊ Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.