ကယား၌ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို KA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း (၄) ယောက်ဖမ်းမိ

ဓာတ်ပုံ - KA တပ်သားများအားတွေ့ရစဉ်

ကယား၊ ဇန်နဝါရီ ၇

ထိုင်း-ကရင်နီ(ကယား)ပြည်နယ်နယ်စပ် နန်းပန်ချောင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ‌ခြေကုပ်စခန်းတစ်ခုဖြစ်သည့် နတ်တောင်စခန်းကို ယနေ့ဇန်နဝါရီ (၇) ရက်နေ့ မနက်၌ ကရင်နီတပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်လိုက်သည်။

စခန်းသိမ်းတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်က အကျဆုံးများခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၄) ဦးကိုလည်း အရှင်ဖမ်းမိထားကြောင်း KA က ထုတ်ပြန်ထားသည်။

တိုက်ခိုက်သိမ်းပိုက်ချိန် ကရင်နီတပ်မတော်ဘက်မှ ထိခိုက်နစ်နာမှုမရှိခဲ့ဘဲ ထိုစခန်း၌ တပ်စွဲထားမည်ဖြစ်သည်ဟု ဆိုသည်။

အရှင်ဖမ်းမိထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၄) ဦး၏ အချက်အလက်နှင့် သေဆုံးထိခိုက်ဒဏ်ရာရစာရင်းများကို လူငယ့်ခတ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

နတ်တောင်စခန်းသိမ်းတိုက်ပွဲအပြီး နာရီဝက်အကြာ အကြမ်းဖက်စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် စစ်ကူလာရောက်ပစ်ခတ်ဗုံးကျဲခဲ့သော်လည်း ၎င်းတို့၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်းဗုံးကြဲခဲ့မှု ဖြစ်ပွားခဲ့ကြောင်း KA က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


Lu Nge Khit

ကယား၌ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို KA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း (၄) ယောက်ဖမ်းမိ ကယား၌ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုကို KA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း (၄) ယောက်ဖမ်းမိ Reviewed by THITHTOOLWIN on 19:40 Rating: 5

No comments:

Powered by Blogger.