စစ်ကြောင်းထိုးလာသော စကစတပ်နှင့် ကရင်နီတပ်မတော် KAတို့ တိုက်ပွဲဖြစ်ပွား၍ ဒုရင်းမှုးအပါအဝင် စကစတပ်သား (၁၆) ဦးသေဆုံး

Photo - ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်များ

ဇန်နဝါရီ ၅

ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စကစအင်အား (၃၀၀) ကျော်သည် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ခဲ့ပွားခဲ့ပြီး စကစဘက်မှ ဒုရင်းမှူးအဆင့်ရှိ ကျော်သူစိုး အပါအဝင် အနည်းဆုံး (၁၆) ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA မှ တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်ဒဏ်ရာ အနည်းငယ်သာရရှိသွားခဲ့ကြောင်းသိရသည်။

ထို့နောက် စကစတပ်များသည် ၎င်းတို့၏ စစ်ကြောင်းတစ် လျှောက်အတွင်း လက်နက်ကြီးပစ်၍ လမ်းရှင်းလင်းခြင်း၊ ဘူဒိုဇာနှင့် ဘက်ဟိုးယဥ်များကို အသုံးပြု၍ လမ်းရှင်းလင်းခြင်း၊ ရောက်ရှိသည့် ကျေးရွာ များမှာ ညအိပ်တပ်ဆွဲထားပြီး..ပြည်သူ့ အိုး..အိမ်နှင့် ဆိုင်ခန်းများကို ဖောက်ထွင်းပြီး ပစည်းခိုးယူသည့်အပြင် အိမ်အချို့ကိုပါ မီးရိူ့ဖျက်စီးခဲ့ခြင်းနှင့် ညီနောင် ကလလတ BGF တပ်ဖွဲ့ဝင်များကို ​အသေခံစစ်သည်ဟု ဆိုကာ အကြပ်ကိုင်၍ လမ်းပြခိုင်းသည့်အပြင် ရှေ့သွားပွိုင့်ထိုးစေခိုင်းခဲ့ကြောင်း KA ကထုတ်ပြန်သည်။


PDF Newsflash

စစ်ကြောင်းထိုးလာသော စကစတပ်နှင့် ကရင်နီတပ်မတော် KAတို့ တိုက်ပွဲဖြစ်ပွား၍ ဒုရင်းမှုးအပါအဝင် စကစတပ်သား (၁၆) ဦးသေဆုံး စစ်ကြောင်းထိုးလာသော စကစတပ်နှင့် ကရင်နီတပ်မတော် KAတို့ တိုက်ပွဲဖြစ်ပွား၍ ဒုရင်းမှုးအပါအဝင် စကစတပ်သား (၁၆) ဦးသေဆုံး Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.