မုံရွာတွင်အကြမ်းဖက်စစ်ကောင်စီမှ Expressကားဖြင့် ပြောက်ကျားဝတ်စုံနှင့်ကျည်များ ဖမ်းမိသည်ဟု ဝါဒဖြန့်


ဇန်နဝါရီ၁၆ ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ Expressကားဖြင့် ပြောက်ကျားဝတ်စုံနှင့်ကျည်များ ယနေ့ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့တယ်လီဂရမ်ချဲနယ်တွေမှာ ယနေ့ညပိုင်းတွင် ဝါဒဖြန့်ထုတ်ပြန်လိုက်သည်။ 

မုံရွာမြို့ မအူပင်စစ်ဆေးရေးဂိတ်တွင် မန္တလာမင်းExpressကားဖြင့် ပြောက်ကျားဝတ်စုံ၅စုံနှင့်ပစ္စတိုကျည်များ၊ယာဉ်မောင်းနှင့်ပြည်သူတချို့ကို ဖမ်းဆီးရမိကြောင်းထုတ်ပြန်ကြေညာသည်။ 

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် ယနေ့မုံရွာနေ့လည်ပိုင်းက ATMငွေသွားထုတ်သည့် အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီမှဖမ်းဆီး၍ PDFဟုအမည်တပ်ကာ ဖမ်းဆီးရမိကြောင်း ဝါဒဖြန့်လိမ်လည်ဖြန့်ချီခဲ့ပါသည်။


Chindwin Yoma Media

မုံရွာတွင်အကြမ်းဖက်စစ်ကောင်စီမှ Expressကားဖြင့် ပြောက်ကျားဝတ်စုံနှင့်ကျည်များ ဖမ်းမိသည်ဟု ဝါဒဖြန့် မုံရွာတွင်အကြမ်းဖက်စစ်ကောင်စီမှ Expressကားဖြင့် ပြောက်ကျားဝတ်စုံနှင့်ကျည်များ ဖမ်းမိသည်ဟု ဝါဒဖြန့် Reviewed by THITHTOOLWIN on 22:20 Rating: 5

No comments:

Powered by Blogger.