မီးစက်နှင့် ဘတ်ထရီးအိုးများအလှူပေးသည့် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း EPDF ထုတ်ပြန်

Photo : EPDF

ပခုက္ကူ၊ ဇန်နဝါရီ ၆

အညာဒေသအခြေစိုက် အဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Earthquake People's Defence Force (EPDF) က မီးစက်၊ ဆိုလာ၊ ဘတ်ထရီးအိုးများနှင့် အခြားလိုအပ်သည်အရာများကို လှူဒါန်းပေးသည့် မင်းအောင်လှိုင်အား ကျေးဇူးတင်သည်ဟု ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းတို့ထုတ်ပြန်ထားသည့် ပုံများအရ Mytel တာဝါတိုင်အောက်ခြေရှိ မီးစက်၊ ဆိုလာ၊ ဘတ်ထရီးအိုးများအပေါ် ရည်ညွှန်းထုတ်ပြန်ထားသည်ဟု ယူဆနိုင်ပြီး အဆိုပါပစ္စည်းများမှာ ၎င်းတို့၏ စခန်းအသစ်အတွက်ဆိုသည်။

ထို့ပြင် ၎င်းတို့က "$*# မင်းအောင်လိူင်အားကျေးဇူးတင်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ကျေးဇူးတင်ပါတယ် mytel Company" ဟု ရေးသားထားသည်။

၎င်းတို့အဖွဲ့သည် ယမန်နေ့ ဇန်နဝါရီလ (၅)ရက်နေ့ကလည်း ပခုက္ကူမြို့ရှောင်လမ်းရှိ ခြံတစ်ခြံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးနေသည်ဆိုသည့် လောင်းကစားဝိုင်းကို မိတ်ဖက်အဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသေးသည်။


Lu Nge Khit


မီးစက်နှင့် ဘတ်ထရီးအိုးများအလှူပေးသည့် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း EPDF ထုတ်ပြန် မီးစက်နှင့် ဘတ်ထရီးအိုးများအလှူပေးသည့် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း EPDF ထုတ်ပြန် Reviewed by THITHTOOLWIN on 00:47 Rating: 5

No comments:

Powered by Blogger.