ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက် ၂ ဦးအပါအဝင် စုစုပေါင်း (၃)ဦး ဖမ်းဆီးခံရ


ထားဝယ်၊ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Dawei Watch သတင်းဌာနက သတင်းထောက်၂ ဦးနဲ့ ရုံးဝန်ထမ်း ၁ ဦး စုစုပေါင်း ၃ ဦးကို ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

ယနေ့မနက်  ၁ နာရီဝန်းကျင်မှာ သတင်းထောက် မမိုးမြင့်ကို တလိုင်းထိန်ရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားသလို သတင်းထောက်ကိုဇော်ကိုလဲ ဝဲကျွန်းရပ်ရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းမှာ ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဇော်နဲ့အတူရှိနေတဲ့ ရုံးဝန်ထမ်း ကိုဖြိုးပြည့်လေးလွင်(ခ)ကိုသားကြီးဆိုသူကိုပါ ဖမ်းဆီးခဲ့ပါတယ်။

"အရင်ဆုံး မမိုးမြင့်ကို ဖမ်းသွားတာ။ ပြီးမှ ကိုဇော်နဲ့ကိုသားကြီးကို ဖမ်းသွားတာ။ သတင်းဌာနက ရုံးခန်းကိုလဲ ဝင်ရှာတာတွေ လုပ်သွားသေးတယ်လို့ သိရတယ်။''လို့ Dawei Watch သတင်းဌာနနဲ့ နီးစပ်သူ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လတ်တလောအခြေနေမှာ ဖမ်းဆီးသွားသူ ၃ ဦးကို မည်သည့်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာမသိရသေးဘဲ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက Dawei Watch သတင်းဌာနရုံးခန်းကို ဝင်ရောက်မွှေနှောက်ရှာဖွေရမှာ စာရွက်စာတမ်းအချို့နဲ့ ပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။


သတင်း - သံလွင်တိုင်းမ်


ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက် ၂ ဦးအပါအဝင် စုစုပေါင်း (၃)ဦး ဖမ်းဆီးခံရ ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက် ၂ ဦးအပါအဝင် စုစုပေါင်း (၃)ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.