တစ်ရက်အတွင်း စကစ စစ်ခွေး (၈) ကောင်ကျော်ကို ငရဲပို့လိုက်တဲ့ CNDF


ဇန်နဝါရီလ ၁၉ ရက် (CNDF ထုတ်ပြန်ချက်)

ဖလမ်းမြို့နယ်၊ လာသီးရွာနှင့် ကုလ်ဇာမ်ရွာ တောင်ကြောတွင် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မနက် (၈:၃၀) နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ကို CNDF တပ်ဖွဲ့က ပြန်လည်ခုခံရာ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။

ယင်းခုခံတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၄)ယောက် ကျဆုံးခဲ့ပြီး မိမိတို့ CNDF ဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

ထို့အပြင် ညနေပိုင်း (၅:၀၀)နာရီ ခန့်တွင် CNDF တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၄)ယောက် ထပ်မံ ကျဆုံးခဲ့ပါသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် (၉:၀၀)နာရီခန့်တွင် CNDF တပ်ဖွဲ့ထောင်ထားသော တိုက်မိုင်းနင်းမိရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ အသေပျောက်ရှိနိုင်ပြီး ဒဏ်ရာရရှိသူများသည့်အတွက် နောက်ပြန်ဆုတ်သွားကြပါသည်။

မိဘပြည်သူများအနေဖြင့် ဖလမ်း - ကလေး လမ်းကြောင်း တလျှောက်တွင် ခရီးသွားလာခြင်းမပြုကြပါရန် ထပ်မံအသိပေးအပ်ပါသည်။

(သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ချင်းအမျိုးသားအဖွဲ့ချုပ်)


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

တစ်ရက်အတွင်း စကစ စစ်ခွေး (၈) ကောင်ကျော်ကို ငရဲပို့လိုက်တဲ့ CNDF တစ်ရက်အတွင်း စကစ စစ်ခွေး (၈) ကောင်ကျော်ကို ငရဲပို့လိုက်တဲ့ CNDF Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.