ဖလမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် CNDF တပ်ဖွဲ့ တိုက္ပြဲ ဆက်လက်ဖြစ်ပွား


၂၀၂၂ ခုနှစ်၊ ဇန္နဝါရီ ၁၇

ဖလမ်းမြို့နယ်၊ ဖလမ်း - ကေလး ကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် CNDF တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့ အခြေစိုက် ခလ၇ ၂၆၈ မွ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ကူခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု CNDF ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် CNDF ဘက်မှ ၁ ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပါသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လာသီးကျေးရွာအနီး၌ စစ်ကောင်စီများအား CNDF တပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားရှိခဲ့ပြီး CNDF ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဟုသိရသည်။ 


Khonumthung Burmese 

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် CNDF တပ်ဖွဲ့ တိုက္ပြဲ ဆက်လက်ဖြစ်ပွား ဖလမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် CNDF တပ်ဖွဲ့ တိုက္ပြဲ ဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 00:47 Rating: 5

No comments:

Powered by Blogger.