ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှ တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်



ဇန်နဝါရီ ၁၄ ရက်

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ ခလရ(၂၆၈)တပ်မှ တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်လာကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် - CNO က သတင်းထုတ်ပြန်ထားသည်။

၎င်းမှာ ခလရ(၂၆၈)တပ်မှ တပ်သား ဇင်လင်းအောင်(ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁) ဖြစ်ပြီး မှ အကြမ်းဖက်စစ်ကောင်စီအပေါ် နာကျည်းချက်များစွာ ရှိသောကြောင့်ဟုဆိုကာ ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း CNO ကရေးသားထုတ်ပြန်ထားသည်။

၎င်းအား CNO/CNDF မှ ဆုကြေးငွေချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း CNO/CNDF က သတင်းထုတ်ပြန်ထားသည်။


Ayeyarwaddy Times 

ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှ တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင် ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှ တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင် Reviewed by THITHTOOLWIN on 19:01 Rating: 5

No comments:

Powered by Blogger.