လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး


လေးကေ့ကော်မြို့သစ် ခုခံစစ်တိုက်ပွဲတွင် ပြည်သူနှင့်အတူပူးပေါင်းခဲ့သည့် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် ကျဆုံးသွားသည့် ပြည်သူ့ဘက်တော်သား အသက် ၃၂နှစ်အရွယ် CDM တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးမှာ ယမန်နေ့(ဇန်နဝါရီ ၄) တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"CDM ဝင်ရုံသာမက စစ်အာဏာရှင်ကို အဆုံးထိတိုက်ပွဲဝင်ခဲ့သည့် အာဇာနည် သူရဲကောင်း ကိုကျော်ကြီးကို ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်"ဟု ထုတ်ပြန်ထားသည်။

တပ်ကြပ်ကြီးစာရေး ကိုကျော်ကြီးသည့် စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လ ၃ ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်စတင်ပါဝင်ကာ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့သူတစ်ဦး ဖြစ်သည်။

ဇန်နဝါရီ ၄ ရက် ​လေး​ကေ့​ကော်တိုက်ပွဲတွင် စစ်​ကောင်စီတပ်က ၄ ဦး​သေဆုံးခဲ့သည်။

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သားများအဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများမှ ရာနှုန်းပြည့် ပြည်သူ့အခြေပြုအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။


People's Spring

လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး လေးကေ့ကော်တိုက်ပွဲတွင် CDM တပ်ကြပ်ကြီးတစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 00:50 Rating: 5

No comments:

Powered by Blogger.