(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုနေသော ဆောမြို့နယ်ပြည်သူများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ) |
အကြမ်းဖက်စစ်ကောင်စီ လက်ကိုင်တုတ်ဝန်ထမ်းများ ဖေဖော်ဝါရီ ၅ ရက်နောက်ဆုံးထား၍ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၃၀)တွင် သတိပေးစာ ထုတ်ပြန်သည်။
ကြေညာချက်ပါ ပြည်သူ့ရင်ခွင်ခိုလှုံရမည့် နောက်ဆုံးရက် နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီခိုင်းစေမှုများကို ပြုလုပ်သည့် မည်သည့်အကြမ်းဖက်စစ်ကောင်စီဝန်ထမ်းကိုမဆို နိုင်ငံတော် သစ္စာဖောက်မှု ကြံရာပါအဖြစ်သတ်မှတ်ကာ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု အသိပေးသည်။
ထို့အပြင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ခံဝန်ပေးပို့ထားပြီး စစ်ကောင်စီ၏ အလုပ်များဆက်လက်လုပ်ကိုင်နေခြင်း၊ပြည်သူ့အခွန်ငွေကို လစာအဖြစ် ထုတ်ယူသုံးစွဲခြင်းများရှိသည်ကို တွေ့ရှိပါကလည်း ထိရောက်စွာအရေးယူမည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ဆောမြို့နယ် CDMဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။
ယခု သတိပေးကြေညာချက်ကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအောက်ရှိ CDM ဦးဆောင်ကော်မတီ၊ ဆောမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဦးဆောင်ကော်မတီ နှင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံ ဖြန့်ဝေရမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
People's Spring
No comments:
Post a Comment