ချင်းပြည်နယ်နှင့် ပဲခူးတိုင်းမှ CDM ဝန်ထမ်း ၁၅ ဦးဖမ်းဆီးခံရ

(အာဏာသိမ်းစစ်​ကောင်စီ၏ လက်​အောက်တွင် တာဝန်မထမ်းဆောင်ဘဲ အာဏာဖီဆန်ရန် ဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်)

အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီက လိုက်လံဖမ်းဆီးနေပြီး ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် ပဲခူးတိုင်းမှ ဝန်ထမ်း ၁၅ဦးဖမ်းဆီးခံရ​ကြောင်းဒေသခံများကပြောသည်။

 စစ်ကောင်စီက ချင်းပြည်နယ်၊ ဖလမ်းမြို့မှ CDM ဝန်ထမ်းခုနှစ်ဦးကို ယမန်နေ့(ဇန်နဝါရီ ၂၅ ရက်) ညနေတွင်ဖမ်းဆီးခဲ့သည်။ ယမန်​နေ့ည ညနက်ပိုင်းတွင် ပဲခူးတိုင်း ပဲခူးမြို့နှင့် သနပ်ပင်မြို့မှ  CDM ဝန်ထမ်း ရှစ်ဦးလည်း ဖမ်းဆီခံလိုက်ရသည်ဟု ပဲခူးမြို့ခံတစ်ဦးကပြောသည်။

"CDM ဝန်ထမ်းတွေကို စစ်ကောင်စီက တစ်ကျော့ပြန်ဖမ်းနေတယ်။လူထုကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအောက်မှာ မလုပ်ချင်လို့ ထွက်တယ်။ ပေးမထွက်ဘူး။အခုလည်း ရှောင်တိမ်းနေရတယ်။ဒီတော်လှန်ရေးအမြန်အောင်မှပဲ အေးဆေးနေလို့ရမယ်"ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ဖလမ်းမြို့တွင် CDM ပညာရေးဝန်ထမ်းတစ်ဦးအား ဖမ်းဆီးရန်လာသည့် စစ်ကောင်စီက ဝန်ထမ်းကိုမတွေ့၍ ဝန်ထမ်း၏မိခင်ကို ဖမ်းဆီးသွားခဲ့သည်။ဖမ်းဆီးခံရသည့် ဝန်ထမ်းများမှာ ပညာရေးနှင့် ကျန်းမာရေးဌာနမှ ဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

CDMဝန်ထမ်းများကို စစ်ကောင်စီက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ထားသည့်ကြားမှာ ယခုကဲ့သို့ လိုက်လံဖမ်းဆီးခံနေရသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ထင်ရာစိုင်းနေသည့် စစ်ကောင်စီအား အရေးယူပေးရန် ယမန်နေ့(ဇန်နဝါရီ ၂၅ရက်)က ပြုလုပ်သောအမျိုးသားညီညွတ်ရေးအစိုးရ၏ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကနိုင်ငံတကာသို့ ထပ်မံတောင်းဆိုခဲ့သည်။


People's Spring 

ချင်းပြည်နယ်နှင့် ပဲခူးတိုင်းမှ CDM ဝန်ထမ်း ၁၅ ဦးဖမ်းဆီးခံရ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းမှ CDM ဝန်ထမ်း ၁၅ ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:08 Rating: 5

No comments:

Powered by Blogger.