CDM လုပ်တဲ့ မန်တုံက ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်း‌နေ


ရွှေဖီမြေ၊ ဇန်နဝါရီ ၂၄ ရက်၊ မန်တုံ

ရှမ်းမြောက် တအာင်း (ပလောင်)ဒေသ မန်တုံမြို့နယ်ထဲက CDM မှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်းနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ အထကမန်တုံမှာ လာရောက် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ် ဒေါ်ချောချောဆိုသူက အာဏာဖီဆန်ရေး (CDM)မှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေကို ဖုန်းဆက်ပြီး ရွှေ့ခိုင်းနေတာလို့ ဆိုပါတယ်။

CDM မှာ ပါဝင်နေတဲ့ ဆရာမတစ်ဦးက “CDM လုပ်တဲ့သူတွေကို ဖုန်းဆက်လာပြီးတော့ ကိုယ့်ပစ္စည်းကိုသိမ်းပါ။ နင်တို့နဲ့ မဆိုင်တော့ဘူးပေါ့။ ဟုတ်တယ်ဆရာမကြီးလို့ မဆိုင်တော့မှန်း သိတယ်လို့ အခုက အခက်အခဲဖြစ်နေလို့ မရွှေ့ဖြစ်သေးတာ။ အခုက ကျောင်းတက်နေတဲ့ကာလလည်း မဟုတ်တော့ ဘယ်ဆရာမက နေမတုန်းလို့။ ကျောင်းတက်ရင်တော့ ရွှေ့ပေးမှာပေါ့ဆိုတော့။ မဟုတ်ဘူးတဲ့။ စီမံချက်ကြောင့် ရွှေ့ကိုရွှေ့ရမယ်တဲ့” လို့ ပြောပါတယ်။

အထက မန်တုံမှာ ပညာရေးဝန်ထမ်းပေါင်း (၄၀)ကျော် ရှိတဲ့အထဲမှာ CDM မှာ ပါဝင်သူ ၅ ဦးသာရှိပြီး လက်ရှိမှာတော့ ၃ ဦးသာ ပစ္စည်းတွေသိမ်းနိုင်ပြီး ကျန် ၂ ဦးကတော့ အဝေးမှာ ရောက်ရှိနေတာကြောင့် လာသိမ်းဖို့ အခက်အခဲ ရှိနေတာလို့ ဆိုပါတယ်။

“ကျန်နေတဲ့ နှစ်ယောက်တော့ အဝေးမှာရောက်နေတော့ ပစ္စည်းတွေ လာသိမ်းဖို့ကျ အဆင်မပြေဘူးလေ။ ရွှေ့ပြီးတော့ ဘယ်အိမ် သွားထားရမလဲမသိတော့ လုပ်ချင်ရာလုပ်တော့ဆိုပြီး ဒီအတိုင်းပစ်ထားတာ။ ဒီဘက်ကို ပြန်လာဖို့လည်း မလွယ်ဘူးလေ” ဆိုပြီး ၎င်းကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက် ညမှာ အထကကျောင်းနဲ့ ပညာရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို မန်တုံမြို့နယ်ထဲက အစိုးရကျောင်းတွေလည်း တခြားမြို့နယ်တွေလို ဖွင့်လှစ်နိုင်ခြင်းမရှိပဲ ဆက်လက် ပိတ်ထားရဆဲ ဖြစ်ပါတယ်။


Shwe Phee Myay News Agency 

CDM လုပ်တဲ့ မန်တုံက ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်း‌နေ CDM လုပ်တဲ့ မန်တုံက ပညာရေးဝန်ထမ်းကို ဝန်ထမ်းအိမ်ရာကနေ ပစ္စည်းတွေ အတင်းအဓမ္မ ရွှေ့ခိုင်း‌နေ Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.