ရေစကြို ၂၅၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား၂ ဦး CDM ပြုလုပ် အလင်းဝင်


ရေစကြိုမြို့နယ် ( ၂၅၆) တပ်ရင်းမှ တပ်သားစောကလဲဘွဲထူး နှင့် တပ်သားကိုသက် တို့သည်အကြမ်းဖက်စစ်ကောင်စီအား CDM ပြုလုပ်ကာ ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံသို့လက်နက်အပ်ကာ အလင်းဝင်ပူးပေါင်းလာခဲ့သည်။

ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ လက်ခံကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီအား CDM ပြုလုပ်ကာ ပြည်သူရင်ခွင် ခိုလှုံချင်သူများအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုဆိုလက်ခံ၍ လွတ်မြောက်နယ်မြေသို့ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်သူ့စစ်သားများအား သတင်းကောင်းပေးလိုက်သည်ဟု ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

ရေစကြို ၂၅၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား၂ ဦး CDM ပြုလုပ် အလင်းဝင် ရေစကြို ၂၅၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား၂ ဦး CDM ပြုလုပ် အလင်းဝင် Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.