မြစ်ကြီးနား မီးရထားဝန်းမှ CDM ဝန်ထမ်းများအား တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်း


17 January 2022 

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မီးရထားဝန်းနေအိမ်လိုင်းခန်းများအတွင်း နေထိုင်နေကြသည့် CDM ဝန်ထမ်းများကို တစ်ပတ်အတွင်း နေအိမ်လိုင်းခန်းမှ ပြောင်းရွှေ့ခိုင်းသည့်အတွက်ကြောင့် CDM ဝန်ထမ်းများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်းမှုကြောင့် ပြောင်းရွှေ့နေနိုင်ကြသည့် ဝန်ထမ်းများရှိသလို အဆင်မပြေသည့်အတွက် ပြောင်းရွှေ့နေရန် မတတ်နိုင်ကြသည့်ဝန်ထမ်းများလည်းရှိပြီး နေရာအခက်အခဲများရှိနေကြောင်း CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ 

“နေရေးထိုင်ရေးအဆင်မပြေဘူး နေရေးထိုင်ရေးလေး အဆင်ပြေရင်တော့ ပိုပြီးဝမ်းသာကြမှာပေါ့ ခုနှစ်ရက်အတွင်းမှာ မထွက်နိုင်ရင် ဖမ်းများဖမ်းခံရမလား မလုံခြုံတော့ဘူးပေါ့”ဟု CDMဝန်ထမ်းတစ်ဦးက ပြောသည်။ 

မြစ်ကြီးနားမြို့အောင်နန်းရပ်ကွက် မီးရထားဝန်းရှိ CDM ပြုလုပ်ထားသည့် ဝန်ထမ်းများကို တစ်ပတ်အတွင်းပြောင်းရွှေ့ရန် ဇန်နဝါရီလ ၁၆ရက်နေ့တွင် သတိပေးစာထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်သည့်ရက်မှစပြီး တစ်ပတ်အတွင်းပြောင်းရွှေ့ပေးရန်အသိပေးထားကြောင်း သိရသည်။


Kachinwaves 

မြစ်ကြီးနား မီးရထားဝန်းမှ CDM ဝန်ထမ်းများအား တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်း မြစ်ကြီးနား မီးရထားဝန်းမှ CDM ဝန်ထမ်းများအား တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်း Reviewed by THITHTOOLWIN on 01:13 Rating: 5

No comments:

Powered by Blogger.