မိုဆိုကျေးရွာအနီး မီးရှို့သတ်ဖြတ်ခံရမှုတွင် သစ်တောဦးစီးဌာနမှ CDMဝန်ထမ်းနှင့် မိသားစုဝင်တို့ပါဝင်


ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုတွင် သစ်တောဦးစီးဌာနမှ CDM ဝန်ထမ်း အငယ်တန်းစာရေး ဒေါ်ဂျူးလိယက်၏ အမျိုးသား ဦးသျှားရယ် ပါဝင်ခဲ့ပြီး၊ CDM ဝန်ထမ်း တောကြပ် ဦးလိရယ်လည်း အသတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူများကို ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊သစ်တောဦးစီးဌာနမှ CDM ဝန်ထမ်း အငယ်တန်းစာရေး ဒေါ်ဂျူးလိယက်၏ အမျိုးသား ဦးသျှားရယ် ပါဝင်သွားခဲ့ပြီး၊ CDM ဝန်ထမ်းတောကြပ် ဦးလိရယ်လည်း အသတ်ဖြတ်ခံခဲ့ရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသတ်ခံရမှုတွင်ပါဝင်သည့် သစ်တောဝန်ထမ်းများ၏ မိသားစုဝင်များအားတွေ့ဆုံ၍ မိသားစုဝင်များ ဘေးကင်းလုံခြုံရေး ဦးစားပေးရန်နှင့် လိုအပ်သော အကူအညီ ရရှိရန် ကြိုးစားချိတ်ဆက် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

မိုဆိုကျေးရွာအနီး မီးရှို့သတ်ဖြတ်ခံရမှုတွင် သစ်တောဦးစီးဌာနမှ CDMဝန်ထမ်းနှင့် မိသားစုဝင်တို့ပါဝင် မိုဆိုကျေးရွာအနီး  မီးရှို့သတ်ဖြတ်ခံရမှုတွင် သစ်တောဦးစီးဌာနမှ CDMဝန်ထမ်းနှင့် မိသားစုဝင်တို့ပါဝင် Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.