ရှမ်းတောင်၌ CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက်ဖြင့် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေ

ပုံအညွှန်း - တောင်ကြီးတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က စစ်တပ်ထောက်ခံသူများဆန္ဒပြနေစဉ်

မဲခေါင်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေကြောင်း စစ်ကောင်စီအသိုင်းအဝိုင်း၏ သတင်းပေးများထံမှ သိရသည်။

ရှမ်းတောင်ရှိမြို့နယ်များတွင် CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခု၌ အနည်းဆုံး ဒလန် ၃ ဦးနှင့် အထက်ပါဝင်သည့် စောင့်ကြည့်ရေးအဖွဲ့များကို ယခုလမကုန်ခင် အပြီးသတ် ဖွဲ့စည်းရန် ညွှန်ကြားထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ သတင်းပေးတစ်ဦးက ပြောသည်။

"အဓိကကတော့ တောင်ကြီးကို အရင်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတယ်။ ပင်းတယ၊ ဟဲဟိုး၊ အောင်ပန်း ဖက်မှာလည်း လုပ်နေပြီ။ ဒီလမကုန်ခင် အပြီးဖွဲ့ပြီး အထက်ကို ပြန်တင်ပြရမှာ။ တစ်ရပ်ကွက်ကို အနည်းဆုံး ၃ ယောက်နဲ့ ဖွဲ့ရမှာပါ။ အဓိကကတော့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေထဲပေါ့" ဟု ၎င်းက ပြောသည်။

တောင်ကြီး၊ အေးသာယာ၊ ပင်းတယ အစရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း PDF နှင့် CDM ဝန်ထမ်းများ ဖမ်းဆီးခံနေရသကဲ့သို့ ဒလန်များ၏ ခြောက်တွန်းမှုကြောင့် အပြစ်မဲ့ရွာသားအများအပြားသည်လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ဆက်တိုက်ခံနေရသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားရယူပြီးနောက် ရှမ်းတောင်အပါအဝင် နိုင်ငံတဝန်းလုံးမှ နိုင်ငံ့ဝန်ထမ်းအများအပြားသည် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြသလို စစ်အာဏာရှင်ကို ခုခံတော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း မြို့နယ်အသီးသီး၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။


MeKong News - မဲခေါင်သတင်း

ရှမ်းတောင်၌ CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက်ဖြင့် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေ ရှမ်းတောင်၌ CDM နှင့် PDF များကို စောင့်ကြည့်ရန် ရပ်ကွက်တစ်ခုလျှင် ဒလန် ၃ ဦးနှင့်အထက်ဖြင့် ဖွဲ့စည်းရန် စစ်ကောင်စီပြင်ဆင်နေ Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.