၁၀ ရက်ကြာ ဇိုတုန်နယ်တိုက်ပွဲတွင် စကစတပ်သား ၁၈ဦး သေဆုံး၊ CDF တပ်ဖွဲ့မှ တစ်ဦးကျ

ပုံစာ - တိုက်ပွဲတွင် ကျဆုံးသွားတဲ့ CDF-Zotung ရဲဘော် ဆလိုင်းကျော်လရှိန်း။ 

ချင်းပြည်နယ် ဇိုတုန်နယ်မှာ ဇန်နဝါရီလ ၉ရက်နေ့မှ ၁၈ရက်နေ့အထိ စကစတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၁၁ကြိမ်ဖြစ်ပွားခဲ့ပြီး စကစဘက်က ၁၈ဦးသေဆုံးခဲ့ကြောင်း CDF Zotungက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စကစအင်အား ၁၀၀ခန့်သည် ကားလမ်းအတိုင်းမသွားတော့ပဲ တောနင်းထိုးစစ်ဆင်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် CNA, CDF Zotung, YDF, PDF-YAW, CDF-HAKHA, CDF-ZOPHEI, CDF- MATUP, CDF- LAUTU le CDF-SENTHANG တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။ 

တိုက်ပွဲတွင် CDF Zotung ရဲဘော် ဆလိုင်းကျော်လရှိန်း ကျဆုံးပြီး ၂ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

တိုက်ပွဲကြောင့် အနီးနားကျေးရွာတွေက ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း CDF-Zotung ကထုတ်ပြန်သည်။ 


Chin News Journal - CNJ

၁၀ ရက်ကြာ ဇိုတုန်နယ်တိုက်ပွဲတွင် စကစတပ်သား ၁၈ဦး သေဆုံး၊ CDF တပ်ဖွဲ့မှ တစ်ဦးကျ ၁၀ ရက်ကြာ ဇိုတုန်နယ်တိုက်ပွဲတွင် စကစတပ်သား ၁၈ဦး သေဆုံး၊ CDF တပ်ဖွဲ့မှ တစ်ဦးကျ Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.