CDF-KKG ထံသို့ ဗိုလ်ကြီးတစ်ဦးအလင်းဝင်၊ ဆုကြေးငွေပေးအပ်ပြီး မိသားစုကိုလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေး

ဇန်နဝါရီ ၁၀၊ PDF Newsflash 

စစ်တက္ကသိုလ် အပတ်စဉ် (၅၂) တပ်ထောက်ဗိုလ်ကြီး သင်တန်းအမှတ်စဉ် (၃၉) မှ ကြည်း ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်းသည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် CDF-KKG ထံ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာကြောင်းသိရသည်။ 

" စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ - စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်နေသည့် ( လက်ရှိတွင် မုံရွှာ၌ ကြားစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ) ကြည်း ၅၅၇၂၅ ဗိုလ်ကြီးကောင်းသူဝင်း ( စစ်တက္ကသိုလ် အပါတ်စဉ် ၅၂ - တပ်ထောက်ဗိုလ်ကြီးသင်တန်းအမှတ်စဉ် ၃၉ ) သည် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် သေနတ် ကျည် အပြည့်အစုံဖြင့် ၂၃ ဒီဇင်ဘာ ၂၀၂၁ တွင် CDF - KKG ထံသို့ အလင်းဝင်ရောက်ခဲ့သည် " ဟု CDF-KKG ကထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်လုပ်ရပ်များ၊ မတရားမှုများကို စက်ဆုပ်ရွံရှာပြီး CDM ပြုလုပ်လာသည့် ဗိုလ်ကြီးကောင်းသူဝင်း နှင့် မိသားစုကို လုံခြုံစိတ်ချမှုအပြည့်ရှိသည့် နေရာဒေသသို့ ပို့ဆောင်ပေးပြီးဖြစ်သလို ထိုက်သင့်သောဆုကြေးငွေကိုလည်း ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

PDF Newsflash

CDF-KKG ထံသို့ ဗိုလ်ကြီးတစ်ဦးအလင်းဝင်၊ ဆုကြေးငွေပေးအပ်ပြီး မိသားစုကိုလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေး CDF-KKG ထံသို့ ဗိုလ်ကြီးတစ်ဦးအလင်းဝင်၊ ဆုကြေးငွေပေးအပ်ပြီး မိသားစုကိုလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေး Reviewed by THITHTOOLWIN on 17:15 Rating: 5

No comments:

Powered by Blogger.