မုံရွာတွင် CCTVမှတ်တမ်းကတဆင့် စစ်ကောင်စီတပ်သားများမှ ပါဆယ်ဗုံးလာချသည်ကို သိ၍ သွားရောက် စပ်စု၊ စပ်စုနေချိန် ဗုံးထပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၄ဦးဗုံးထိသေ၊ ဒုရဲအုပ်တစ်ဦး ဦးနှောက်ခွံ့လန်သေဆုံး၍ Non CDMများပါ ဗုံးထိမှန်
ဇန်နဝါရီ၁၀၊ ချင်းတွင်းရိုးမ၊ မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့ တမာတန်းမီးပွိုင့်တွင် ယနေ့ညနေ၅နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် CCTVမှတ်တမ်းများမှတဆင့် ဗုံးလာချသည်ဟုသိရ၍ သွားရောက်စပ်စုကာ ဗုံးတွေ့ရှိချိန် ထပေါက်ကွဲ၍ စစ်ကောင်စီတပ်သား၄ဦးနေရာမှာတွင် ပွဲချင်းပြီးသေဆုံးကြောင်း မုံရွာချင်းတွင်းရိုးမသတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သား၇ဦးသည် အိမ်စီးကားဖြင့် ရောက်ရှိလာပြီး ပါဆယ်ထုပ်ထားသည့် ဗုံးကိုတွေရှိသွားကြောင်း၊တွေ့ရှိချိန် ဗုံးထပေါက်ကွဲကြောင်း၊စစ်ကောင်စီတပ်သား၄ဦးဗုံးထိမှန်၍ နေရာမှာတွင် ၂ဦးသေဆုံးကာ ဆေးရုံတွင် ၂ဦးထပ်မံသေဆုံးကြောင်း၊သေဆုံးသူများထဲတွင် နယ်ပြောင်းဒုရဲအုပ်တစ်ဦးပါ ပါဝင်နေကြောင်း မုံရွာချင်းတွင်းရိုးမသတင်းဌာနမှသိရသည်။
ဗုံးထိမှန်သေဆုံးသူများထဲတွင် နယ်ပြောင်းအရွေ့ကျလာသည့် ဒုရဲအူပ်တစ်ဦးလည်းပါဝင်ကာ အခင်းဖြစ်ပွားနေရာအနီး၌ ဌာနဆိုင်ရာ Non CDM ရုံးတက်သူများလည်း ပါဝင်နေကြောင်း သိရှိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင်း အရပ်သားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရကာ မစိုးရိမ်ရဒဏ်ရာ(Safe)ကြောင်း သိရှိရပြီး စစ်ကောင်စီတပ်သားများသေဆုံးသူနှင့်ဒဏ်ရာရသူတချို့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခစစ်ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုများပြုလုပ်နေရသည်ဟု သိရှိရပါတယ်။
Chindwin Yoma Media
No comments:
Post a Comment